ငါးရံ့တကောင်၏ ရင်ဖွင့်သံ ကို Delco က အသရေဖျက်မှုဖြင့် တရားစွဲပြီး အရေးယူ
နေ့စွဲ – ၃၀၊ ၉၊ ၂၀၁၆
သတင်းထုတ်ပြန်ချက်
===============
မီဒီယာ လွတ်လပ်ခွင့်နှင့် ရပ်ရွာအခွင့်အရေး အနုတ်လက္ခဏာ
၁။ Dawei Watch Foundation လူငယ်ဖွံဖြိုးရေးဆိုင်ရာ အစီအစဉ်၏ အစီအစဉ် ဒါရိုက်တာ (Program Director) တစ်ဦးဖြစ်သူ ဦးအောင်လွင် ရေးသားသော တနင်္သာရီ အပတ်စဉ် အတွဲ – ၃ အမှတ် ၄၃ ပါ ‘ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ’ အက်ဆေးတွင် ပါရှိသော အကြောင်းအရာအချို့သည် ကံပေါက်ဒေသတွင် သတ္တုတွင်း တူးဖော်လုပ်ကိုင်နေသော Delco ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုကာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၀ (အသရေဖျက်မှု) ဖြင့် မေလအတွင်းက တရားစွဲဆိုခဲ့ပါသည်။
၂။ အမှုရင်ဆိုင်နေစဉ်အတွင်း နည်းပေါင်းစုံဖြင့် အထောက်အကူပေးခဲ့ပါသော နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာ အဖွဲ့အစည်းများ၊ မြန်မာမီဒီယာရှေ့နေ ကွန်ရက်၊ Dawei Probono Lawyer Network၊ လူပုဂ္ဂိုလ်တစ်ဦးချင်းများ၊ ကျေးဇူးတင်ထိုက်သူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
၃။ အမှုကို လေးလကျော်အကြာ ရုံးချိန်း ၁၂ ချိန်းစစ်ဆေးပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အမိန့်ချခဲ့ပါသည်။ ဦးအောင်လွင်သည် ကုမ္ပဏီကို အသရေဖျက်မှုဖြင့် အပြစ်ရှိကြောင်း ရေဖြူမြို့နယ် တရားရုံးက အမိန့်ချခဲ့ပြီး ဒဏ်ငွေ ၃၀၀၀၀ ကျပ် သို့မဟုတ် ထောင်ဒဏ် ၃ လ ချခံစေရန် ဆုံးဖြတ်ခဲ့သည်။
၅။ သတ္တုသယံဇာတ လုပ်ငန်းများနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြ၊ အခွင့်အရေး တောင်းဆိုသော ရပ်ရွာအခွင့်အရေး လှုပ်ရှားသူတစ်ဦးနှင့် ပင်တိုင်ဆောင်းပါးရှင် တစ်ဦး၏ အများပြည်သူ အကျိုးငှာ လုပ်ဆောင်ချက်ကို ထိုသို့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခြင်းသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရာတွင် မီဒီယာ လွတ်လပ်ခွင့်နှင့် ရပ်ရွာအခွင့်အရေး တို့အတွက် ခြိမ်းခြောက်မှုဖြစ်ပြီး အနုတ်သဘောဆောင်သော လုပ်ရပ်ဖြစ်ပါသည်။
၆။ ထိုကြောင့် ရေဖြူမြို့နယ် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဆက်လက် အယူခံဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။