နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး စိုးရိမ်စရာ မရှိ
(အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ဖေ့စ်ဘွတ်စာမျက်နှာ) နေပြည်တော်၊ စက်တင်ဘာ ၂၅
ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု ခရီးစဉ်များမှ ယနေ့ည ပြန်လည်ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ မရှိပါ။
ကျွမ်းကျင်သူ ဆရာဝန်ကြီးများဖြင့် ကျန်းမာရေး စစ်ဆေးခဲ့ရာ –
အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း အစီအစဉ်များ များပြားလွန်းပြီး နားချိန် နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊
ခရီးစဉ်အတွင်း စားချိန်သောက်ချိန် မမှန်သဖြင့် အစာအိမ်ရောင်ရမ်းခြင်း နှင့်
ကွန်ပျူတာ အကြည့်များသဖြင့် အရိုးကျည်းပေါင်းတက်ခြင်း
စသည်တို့ တွေ့ရှိရသည်။
ကျန်းမာရေးအခြေအနေမှာ အထူး စိုးရိမ်ဖွယ်ရာ မရှိဘဲ ကောင်းမွန်လျက် ရှိပြီး အချိန် အနည်းငယ် အနားယူရန် လိုအပ်ကြောင်း သိရှိရသည်။