Junior WIn စာအုပ်စင်

Days and Flowers of Myanmar – Junior Win ထွက်ပြီ

Days and Flowers of Myanmar – Junior Win ထွက်ပြီ

မိုးမခစာအုပ်စင်၊ အောက်တိုဘာ ၁၃၊ ၂၀၁၃

စာအုပ်အမည် – Days and Flowers of Myanmar

ရေးသူ – Junior Win

စာအုပ်တိုက် – Parami Bookshop, Parami Publication House (ပါရမီ)

(ပါရမီစာအုပ်တိုက် – အမှတ် ၂၃၀, ၂၉လမ်း ရန်ကုန် -ဖုံး 253246,0973016292)

ထုတ်ဝေသူ – ဦးကျော်ဦး ပါရမီစာအုပ်တိုက်

အုပ်ရေ – ၁၀၀၀။ တန်ဖိုး – ၁၅၀၀ ကျပ်

မျက်နှာဖုံးဒီဇိုင်း Kyaw Min Moung

အတွင်းရုပ်ပုံများ – ပန်းချီဦးဘကြည်၊ ကာတွန်းမောင်ရစ်

စာမျက်နှာ – ၆၀ မျက်နှာ

Junior Win ရေးသော Burmese Days and Flowers အမည်ရှိ kindle ebook ကိုထပ်မံဖြည့်စွက်ချက်များနှင့် အတူပါရမီစာပေတိုက်မှ အင်္ဂလိပ်လိုစာအုပ်သစ်တစ်အုပ်သည် ကနေ့ထွက်လာပါပြီ။ Introduction, Myanmar Thingyan and Thar-Gyar-Min, Myanmar Alphabets and Myanmar Days, Myanmar Letters, Preparation စသည်ဖြင့် အခန်းများပါဝင်ပြီး၊ သင်္ကြန်အိုးတစ်အိုးအကြောင်း၊ နေ့ရက်များ အလိုက်ရှင်းထားကာ မိမိကိုယ်တိုင်အလွယ်ဆုံး သင်္ကြန်အိုးလေးတစ်အိုး  ဘယ်လိုထိုးရပုံလေးကိုလည်း ရှင်းပြထားပါသည်။

ထို့ပြင်မြန်မာလူမျိုးတို့ ယနေ့တိုင်ယုံကြည်နေကြသော ခုနှစ်ရက်သားသမီးအလိုက် ပန်းများရွေးချယ်ကြပုံ၊ နေ့နံများအလိုက်ဆုတောင်းကြပုံများ၊ တခွန် ကုက္ကား ထီး အစရှိသော မြန်မာ့ဓလေ့ ထုံးစံအစဉ်အလာများကိုလည်း More About Seven-Day-Born အခန်းတွင် ရေးသားထားပါသည်။ သပြေသည် မြန်မာလူမျိုးများမပျက်မကွက် ဘုရားပန်းထိုးရာဖြစ်ကြောင်း ရှင်းလင်းချက်များ၊ မြန်မာ့ရိုးရာ သင်္ကြန်အိုးသာမက ခုနှစ်ရက်သားသမီးများအတွက် ဆုတောင်းမေတ္တာပို့သလေ့ရှိသော မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်များကိုလည်း တွေ့ရပါသည်။

အင်္ဂလိပ်လိုရေးသားထားသောကြောင့် မြန်မာမဟုတ်သော စာဖတ်ပရိသတ်အတွက်ဟု ဆိုနိုင်သောလည်း မြန်မာပရိသတ်အနေနှင့် လွယ်လင့်တကူ ဖတ်ရူနိုင်ကြပါလိမ့်မည်ဟူ၍ ကောက်ချက်ချရမည်ဖြစ်ပါသည်။

ဤစာအုပ်သည်၂၀၁၃ခုနှစ် မေလခန့်က Amazon’s Kindle Version e-book  အဖြစ် ထွက်ရှိခဲ့သော Burmese days and Flowers အင်တာနက်စာအုပ်ကို ယခုအခါပြည်တွင်းမှာ တကယ့်စာအုပ်အဖြစ် ထွက်ရှိလာခြင်းဖြစ်ပါသည်။ ကင်ဒဲယ်Kindleတွင် JuniorWinအနေနှင့် အင်္ဂလိပ်လိုရေးစာအုပ် e-book သုံးအုပ် ထွက်ရှိခဲ့ပြီးဖြစ်ပြီး၊ ယခုစာအုပ်သည် မြန်မာပြည်တွင်းမှာ Junior Win၏ အင်္ဂလိပ်ဘာသာဖြင့် စာအုပ် ပထမဦးဆုံးထွက်ရှိလာခြင်း ဖြစ်ပါသည်။ ကင်ဒဲယ်တွင်သူ့စာအုပ်များကို မိုးမခ မီဒီယာက တာဝန်ယူထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။

အောက်က Linkမှာ ထိုစာအုပ်ကို တိုက်ရိုက် မှာယူလိုသူများအတွက် တင်ပေးထားသော ပါရမီစာအုပ်တိုက်၏ Link ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts