ဝေဖန်ရေးရာ မောင်မောင်စိုး

မောင်မောင်စိုး – ၂၁ ပင်လုံ၊ ဝေါဟာရများနှင့် အဓိပ္ပါယ်


မောင်မောင်စိုး – ၂၁ ပင်လုံ၊ ဝေါဟာရများနှင့် အဓိပ္ပါယ်

(မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၆

၁။ ၂၁ ပင်လုံသို့ချီတက်ကြရာတွင် စကားလုံးဝေါဟာရများကလည်း အတော်အရေးပါသည်ကို တွေ့ရသည်။ သြဂုတ် ၁၁/၁၂/၁၃ ရန်ကုန် NRCP တွင် ကျင်းပသော  အစည်းအဝေးများတွင်” နိုင်ငံရေးပါတီ ” ဟူသော ဝေါဟာရအား ” တရားဝင် နိုင်ငံရေးပါတီ” ဟူသော ဝေါဟာရနှင့် အစားထိုးပြောင်းလဲသုံးနှုံးရန် ဆုံးဖြတ်
သည်။

၂။ သြဂုတ်လ ၁၅/၁၆ တွင်းကျင်းပသော UPDJC အစည်းအဝေးတွင် ” ညီလာခံ ကိုယ်စားလှယ် ” ဟူသော ဝေါဟာရ နေရာတွင် ” ညီလာခံတက်ရောက်သူ ” ဟု ပြောင်းလဲသုံးစွဲရန် ဆုံးဖြတ်သည်ကို တွေရသည်။

၃။ ဤသို့ ၂၁ ပင်လုံကျင်းပရေးနှင့်ပတ်သက်သည့် အရေးကြီးသည့်အစည်းအဝေးများတွင် ဤကဲ့သို့ စကားလုံးဝေါဟာရများကို အလေးထားဂရုပြု နေကြခြင်းမှာ အဆိုပါဝေါဟာရများနှင့်အတူ တွဲ၍ ပါလာသော အဓိပ္ပါယ်များကြောင့်ဖြစ်ပုံရသည်။

၎။ TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ ညီလာခံတက်ရေးနှင့် ပတ်သက်၍လည်း ထို ၃ ဖွဲ့ ထုတ်ပြန်ချက်တွင် ” လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရေး ” နှင့် ” လက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေး ” ဝေါဟာရ ၂ ခု ညိနှိုင်းမရနိုင်သေးပေ။ ဝေါဟာရတို့၏ နောက်ဆက်တွဲ အဓိပ္ပါယ်များကြောင့် ဖြစ်ပုံရသည်။ တချို့ ကဒီဝေါဟာရလေးတလုံးဘဲ ထည့်လိုက်လို့ ပြသနာမရှိဟု ယူဆကြသည်။ တချို့ကလည်း ဒီဝေါဟာရလေးထည့် လိုက်တာ ပြသနာမရှိဟုဆိုလျင် မထည့်လဲ ပြသနာမရှိ ဟု မှတ်ယူ၍ မရပေဘူးလား ဟု ပြန်လှန် မေးခွန်းထုတ်သည်။

၅။ မည်သို့ဆိုစေ ၂၁ ပင်လုံတွင် အဓိပ္ပါယ်ရှိသော စကားလုံး ဝေါဟာရများသည်  အရေးပါသောအခန်းက ပါဝင်နေသည်ဟုဆိုရမည်။ ထို့ကြောင့်လည်း ရှေးလူကြီးများ ပညတ်သွားရာ ဓါတ်သက်ပါသည်ဟု ဆိုကြပုံရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts