သရော်စာ စောငို မောင်လူရေး

မောင်လူရေး – နိုင်ငံရေးလေလည်ခြင်း (ပြဇာတ်)

မောင်လူရေး – နိုင်ငံရေးလေလည်ခြင်း (ပြဇာတ်)
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၆


ကားလိပ်ဖွင့်။
ဟိုတယ်ဒေဝါတွင် sustainable development ပါတီကျင်းပနေ။
ယူအန်များ ယူပြန်များ အီးယူများ အီးရှူများ အန်ဂျီအိုများ အန်ဂျီပျိုများ စီအက်စိုများ စီအက်စ်ခြောက်များ အက်တိဗစ်များ ခွက်ပြည့်ကစ်များ ဂျာနယ်လစ်များ စွာကျယ်ဟစ်များစသဖြင့် စုံစုံညီညီ တက်ရောက်ကြဟန် ပြင်ထားသည်။

စားပွဲဝိုင်းများစွာတွင် စကားပွဲဝိုင်းများစွာရှိသည်။ (တဝိုင်းအသံသည် အခြားတဝိုင်းထံကို မတိုးပေါက်သည့်အခြေအနေမျိုးရှိနေရမည်)

– ဟလို
– ဟိုင်း
– ကျွန်တော်များ ဆပ်စတိန်နေဘယ် ဒိဗလာ့မင့်ဖြစ်ဖို့ဆိုရင် ကလီးဂါးဗားနင့်စ် ရှိဖို့လိုတယ်ဗျ၊ ကလီးဂါးဗားနင့်စ်ရှိဖို့ကလဲ ထရန်စပါရင်စီရှိဖို့လိုပြန်ရော ဂါဗားမင့်ဘက်ကလဲ အကောင်တဘလတီရှိအုံးမှ ဖြစ်မယ်။

– အေးဗျာ ။ ဂါးဗားမင့်က အဲလိုဖြစ်နေဖို့ဆိုရင် ဒီမိုကရက်တစ် ဒဇီးရှင် မိတ်ကင်း လိုပြန်ရော
တစီးရှင်နဲ့တော့ မလုံလောက်ဖူးလို့ယူဆရတယ်ခမျ သုံးလေးစီးရှိမှဖြစ်မယ်ထင်တယ် ။ အစ်ရှူးတွေကများတယ်။ ဒီစင်တရယ်လိုက်လုပ်ရမယ်၊ ဒီစင်ထရယ်လိုက် ဂါးဗားနင့်စ်ပေါ့ဗျာ အဲဒါလိုတယ်
အဲဒီအတွက် အခြေခံက ဒီမိုကရက်တစ် ရိဖွန်း အဂျင်ဒါကို သေချာလုပ်ရမယ်။

– ကဲကဲ သောက်ကြအုံးဗျ ။ အသူရာနိုင်ငံလုပ်ဗျစ်ရည်တွေ စပယ်ရှယ့်စပယ်ရှယ်စီစဉ်ထားတယ်။

–  အား … သိပ်ကောင်းဗျာ။  နတ်စုတ်ချာလို့လဲခေါ်တယ်ဗျ စုတ်လေ ချာချာလည်လေမို့ နတ်စုတ်ချာလို့ခေါ်တာ။

– အဟမ်း … ဒီမိုကရက်တစ် ရိဖွန်း အဂျင်ဒါအတွက်ဆိုရင် ကျုပ်တို့ဟာ ကားရင့်နိဒ်စ်ကို သေချာ အဆက်လုပ်ဖို့လိုမယ်။ ကားရင့်မှာကလဲ ကွန်းဖလစ်တွေက အားကောင်းနေတော့ကာ ကွန်းဖလစ် အန် ဗိုင်းအိုလင့် မောနီးတားရင်းကလဲ သေချာလုပ်ဖို့လိုမယ်။  အဲဒါဆိုရင် ကွန်မြူနတီကို ကပစီတီ ဘစ်ဒင်းအရင်လုပ်မှဗျ၊ ပီးတော့ စီအက်စိုတွေကိုလဲ ကပစီတီ ဒိဗလာ့မင့်လုပ်မှ
စိဗစ် အန် လီဂယ် အဝဲနက်ကိုလဲ တပါတည်းလုပ်နေမှရမှာ။ ကွန်မြူနတီ ဒရိုက်ဗင်း ဒိဗလာမင့် အင်စတီကျူးရှင်းတွေ အားကောင်းလာဖို့လိုတယ်၊ ကွန်မြူနတီ ဒရိုက်ဗင်း ဒိဗလာ့မင့်ရှိရင် ကွန်ဖလစ် ပရီဗင်းရှင်းက အလိုလိုရတာဘဲ။

–  ဟုတ်တယ် ဆိုရှယ်ကိုဟီးရှင်းလဲရှိအောင်လုပ်ရမယ် တပြိုင်နက်ထဲမှာ ရူးအော့လောကလဲ အရေးကြီးပြန်တယ်။  ဒါမှလဲ ဒီမိုကရက်တစ် ထရန်ဇီးရှင်းက ချောမွေ့မှာ။  မဟုတ်ရင် ဒိဗလာ့မင့် အိဖက်တစ်ဗနက်ဖြစ်မှာမဟုတ်ဖူး။

– ဟုတ်တယ် ဒိဗလာ့မင့်ပလန်တွေ ဖေးဖြစ်သွားနိုင်တာကတော့ ကလိုင်းမိတ်ချိမ်းကြောင့်ဖြစ်ပေါ်လာတဲ့ ဒိဇာ့ဇတာဘဲ။ ဒိဇာ့ဇတာ ရိဇိလယန့်ရှိအောင်လုပ်ရမှာဖြစ်သလို ဒိဇာ့ဇတာ ရစ် ရိဒါ့ရှင်အတွက်လဲ လုပ်ရမယ်။ ပီးတော့ ကလိုင်းမိတ်ချိမ်း အဒက်ပတေးရှင်းလဲ မရှိသေးဘူး။ အင်ဗိုက်ရွန်မင်တယ် ကန်ဆာ့ဗေးရှင်းတွေလုပ်ရမယ်၊ ဒါကလဲ အင်ကလုစစ် ဂါးဗားနင့်ရှိမှ ဒါမှ အင်ကလုစစ် ဒဇိရှင် မိတ်ကင်း ပရောဆက်ပေါ်လာမှာ အဲဒီကနေ လိုကယ်ဂါးဗားမင့်နဲ့ ကွန်မြူနတီနဲ့ ပေါင်းပြီး လိုအပ်ရင် လိုကယ်။  ဂါးဗားမင့် ယူနစ်လေးတွေလုပ်လို့ရလာမယ်။ လောင်းတမ်း စထရိတ်ဂျစ် ဖရိမ်ဝပ်တွေချနိုင်လာပြီး ဆက်တာ ဘေ့စ် ပေါ်လစီအစ်ရှူးတွေကို ရိုက် ဘေ့ အပရု ဒိဗလာ့မင့်နဲ့ ဖြေရှင်းနိုင်မှာ
အဲလို ရိုက် ဘေ့ အပရုဖို့ဟာ အမ်းဘွတ်မန်းစစ်စတမ်ရှိဖို့ရယ် မီဒီယာ ဒိဗလော့မင့်ရယ် လိုတယ် စီဂျေတွေ အားကောင်းဖို့လိုတယ်။

– ကဲကဲ … နတ်သုဒ္ဓါတွေရောက်ပါပြီခမျာ။ နတ်စုပ်ချာနဲ့မြည်းလဲရပါတယ်။ ဒီတိုင်းလဲ ကောင်းပါတယ် ။ ဒီအစားအစာတွေကို ဒေဝါယူနီယံက တာဝန်ယူ ချက်ပြုတ်ပါတယ် ။ တာဝတိံသာ ဘေ့စ် အော်ဂနိုက်ဇေးရှင်းပါ။ ဒေဝါက ရွှေကြာလေးတွေ ဝန်ဆောင်မှုပေးပါတယ်။ ဖိုရမ်တွေ ကွန်ဖရင့်တွေ ဝပ်ရှော့တွေအတွက် အထူးဝန်ဆောင်မှုတွေပေးပါတယ်။ မစ္စတာမာဃရဲ့ အော်ဂဲနစ်ဖမ်းမင်းတွေချည်း အသုံးပြုပါတယ်။

– ဟလို
– ဟိုင်း

–  ကျုပ်တို့ရွှေပြည်ကြီး ဆပ်စတိန်နေဘဲ ဒိဗလာ့မင့်ဖြစ်ဖို့ဆိုရင် မာတီ လေယာ ရီဖွန်း အဂျင်ဒါတွေ ချရမယ်။ နေရှင်နယ် ကန်ပရီဟင်းစစ် ဒိဗလာ့မင့် ပလန်တွေ စွဲရမယ်။ တဆက်ထဲ နေရှင်နယ် စထရိတ်ဂျစ် ဖရိမ်ဝပ် ဖော် အဒမိနိစထရေတစ် ရိဖွန်းတွေလဲ ရေးဆွဲရမယ်။ တပြိုင်နက်ထဲမှာ ပါလီမင်ထရီ စထရင့်သမ်းနင်းတွေလဲ လုပ်ပေးရမယ်။ ပိစ်ဘစ်ဒင်ကတော့ အရေးအကြီးဆုံးပေါ့ ဒါကတော့ မကြာခင်ဘဲ ဒုတိယပင်လုံလုပ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို သွားကြတော့မယ်ဆိုတော့ အဲဒါကို ထားလိုက်ပါတော့ဗျာ လက်ရှိအစိုးရနဲ့ အစိုးရချင်သူတွေ လုပ်ပါလိမ့်မယ်။ ကဲ … ချီးယားစ်

–  ချီးယား

တဖြည်းဖြည်းညဥ့်နက်လာသည်နှင့်အမျှ နတ်စုပ်ချာတွေ ချီးယားရင်း ချီးယားရင်း တိုင်းပြုပြည်ပြု ပဏ္ဍိတအပေါင်း ငြိမ်သက်လဲလျောင်းကုန်ကြတော့ရာ ပိတ်ကား ချလိုက်လေသည်။

– ဇာတ်ခုံနောက်ဝယ် စမတ်ကျကျထိုင်နေသော ဇာတ်ဆရာဟု ယူဆရသူသည် သူ့တပည့်များကို တရုပ်ပေါ် တရုပ်ထပ်၍ လဲနေသော လေရုပ်ကလေးများကို လေရှော့ပြီး သေတ္တာထဲ ပြန်ထည့်ဖို့ ညွှန်ကြားနေလေသည်။

(ဖွဘွတ်ပေါ်တက်လာသော UNDPမှထုတ်သည့် The English-Myanmar Development Glossary မှ စကားလုံးများဖြင့် အပျင်းပြေ ယူဆော့ပါသည်)

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts