ဓာတ်ပုံသတင်း ဌေးအောင် (မိုးမခ)

နာဂဒေသ အကူအညီများ မန္တလေးလေဆိပ်မှာ စုပုံနေဆဲ

နာဂဒေသ အကူအညီများ မန္တလေးလေဆိပ်မှာ စုပုံနေဆဲ
(ဌေးအောင်၊ မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၆

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားနေသော ကူးစက်ရောဂါအခြေအနေ၊ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှု့ ၊ အခက်အခဲများနှင့် ရင်ဆိုင်တွေ့ ကြုံနေရခြင်းအခြေအနေများအား တိုင်းရင်းသားလူငယ်များနှင့် အရပ်ဘက်လူမှု့ အဖွဲ့ အစည်းများမှ သတင်းစာရှင်းလင်းပွဲအား ယနေ့  (၁၆.၈.၂၀၁၆) နေ့လည် (၁) နာရီတွင် ရန်ကုန်မြို့ ရှိ Orchid Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သတင်းစာရှင်းလင်းပွဲသို့  သတင်းမီဒီယာနှင့် တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ အဖွဲ့ ဝင် စုစုပေါင်း (၁၂၀) ခန့် တက်ရောက်ခဲ့ပြီး နော်အောင်ဆန်းမှ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

ကူးစက်ရောဂါဖြစ်ပွားနေရာ နာဂဒေသသို့ ပေးပို့ မည့်အကူအညီများသည် မန္တလေးလေဆိပ်တွင် စုပုံနေကာ အကူအညီပေးမည့်သူမရှိပဲ လျှစ်လျူရှုထားခြင်းခံနေရကြောင်း၊ ကူးစက်ရောဂါကြောင့် ကလေး/လူကြီး ၄၂ဦးသေဆုံးခဲ့ပြီး အများစုမှာကလေးများဖြစ်ပြီး ဆက်လက်အခြေအနေဆိုးနိုင်ကြောင်း သတင်းရရှိပါသည်။

 

 

ဓာတ်ပုံ-ဌေးအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts