ကဗျာ

နေစိမ့် ● ဝင်ကစွပ်ကောင်

 နေစိမ့် ● ဝင်ကစွပ်ကောင်
(မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၆

လမ်းကငါ့ဆီတည့်တည့် ပြန်လျှောက်လာတယ်
အဖျားကိုဆက်ပြီးသွားမလား
အရင်းမှာတင်ရပ်တန့် လိုက်မလား
အဖြေတွေများပြီး မေးခွန်းကတခုထဲ
တချို့ ဇာတ်ဝင်ခန်းတွေက ထိန်ချန်ထားလိုက်ပါတယ်
အသက်ဝင်နေဆဲ အသားစ ပုတ်လိုက်လာလို့
အစိမ်းလိုက် လှီးဖြတ်ထုတ်ပစ်ရတာ
သိပ်လည်းစိုးရိမ်မနေပါနဲ့
ခြေတု လက်တု စက်ရုံတွေ ကမ္ဘာ့အဆင့်မီလာ
တရားဝင်နေထိုင်တဲ့နိုင်ငံမှာ
တရားမဝင်တဲ့မတရားမှုတွေက ကမ္ဘာ့အဆင့်ကျော်နေတာတခုပဲ
တရားဓမ္မတော်လာ
လွယ်လွယ်နဲ့ အလျှော့မပေးတတ်တဲ့ ကံကြမ္မာက
ငါ့ကိုဘယ်ကာလအထိများ ထူးခတ်ထားမလဲ
နောက်ဘဝအထိ မေးခွန်းတွေ အတွဲလိုက်
အဓိပ္ပာယ်အပြည့်အစုံနဲ့ ခြွင်းချက်မရှိ လက်နက်ချ အလင်းဝင်လိုက်တဲ့အယူခံမှာ
ကြိုတင်ထည့်မတွက်ထားတဲ့ အစီအမံတွေက အခိုင်အခန့်
လက်စသတ်တော့မယ့် ဂိတ်အဆုံး
လိုအပ်ရင်ပြုပြင်လို့ရတဲ့ ငါ့အရေပြားပေါ်က မြေပုံမှာ
မူရင်းလိပ်စာ မဖျက်သေးဘူး
နစ်ရှေးလို မစဉ်းစားချင်
တွေးခေါ်မြှော်မြင်မှုတွေက ဗိုင်းရပ်စကိုက်နေတယ်
ကမ္ဘာကြီးက ငါ့ကိုလိုချင်နေတာလား
ငါက ကမ္ဘာကြီးကို လိုချင်နေတာလား
အဲဒါ…

နေစိမ့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “နေစိမ့် ● ဝင်ကစွပ်ကောင်
  1. ကဗျာစာမူ ကို emailနဲ့ပို့လို့ရ/မရ…
    Email လိပ်စာ လေး ရချင်ပါတယ်.

Comments are closed.