ကဗျာ

ဝင်း​မောင်​ – နိုင်​ငံ​ရေး

Weekend Art of Than Htay Maung

ဝင်းမောင် – နိုင်ငံရေး 
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၆

သနားခြင်းတ၀က်
ချီးမွမ်းခြင်းတ၀က်
ဝမ်းနည်းစရာလား
သူပြောင်းပြန်ဖြစ်သွားပုံမှာ ပြည့်စုံလွန်း၍
ကိုယ်မရောက်ဖူးသည့်ဘူတာတွင်
တွန်းချခံရမည့်အသွင်

ဆိုပါစို့
သူတောင်းစား ရဲ့ တယောသံက
နိုင်ငံဂုဏ်ဆောင်နေချိန်

စတိုးဆိုင်ထဲကအထွက်
ငါတို့
ဂျီနီဗာကွန်ဗင်းရှင်းချင်း လဲဝတ်ကြမလားဆိုတော့
ဆားလှေကြီး ပေါ်က လှမ်းအော်တယ်
“နေဦး…… စိတ်အေးအေးထား…..တဲ့´´

မင်းရော ငါရောမြင်နေရတာတွေက
လောလောဆယ်တော့ တံလျှပ်တွေ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts