ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ခေါင်းစဉ်ကွဲ

ရန်လင်းအောင် – ခေါင်းစဉ်ကွဲ 
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၆

ကြမ်းကန့်လန့် ခင်းထားတယ် –
လောင်းရိပ်က သြဇာကြီးလွန်း –
ပေါင်းမြက်တွေ အိပ်မွေ့ကျနေတာ ဘာဆန်းလဲ ?

တရေးပဲ နိုးနိုး
လန့်ပဲ နိုးနိုး
မူရင်းသတ်ပုံဆိုလည်း

သွေးဖောက်စစ်ရမယ် … … …

၈. ၃ .၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts