ဆောင်းလူ ● တောခြောက်ခြင်း
(မိုးမခ) ဇွန် ၅၊ ၂၀၁၆
(မိုးမခ) ဇွန် ၅၊ ၂၀၁၆
သဘာဝက
အရိုးခံနဲ့ ပဉ္စလက်ဆန်ဆန် ….
ဘ၀က
အရိုင်းခံနဲ့ ပြဇာတ်ဆန်ဆန် ….
အရိုးခံနဲ့ ပဉ္စလက်ဆန်ဆန် ….
ဘ၀က
အရိုင်းခံနဲ့ ပြဇာတ်ဆန်ဆန် ….
အရင်းရှင်ဆန်ဆန်…
ဈေးဖြတ်မှုနဲ့
မွတ်သိပ်မှုကို ကုန်သွယ်တော့
အထိတ်ထိတ် အလန့်လန့်နဲ့
ခဏ … ခဏ
တွန်း … တွန်း …လွှတ်ရတယ် …
စိတ်ရဲ့
ဖြစ်ချင်တိုင်းဖြစ်ခွင့်နဲ့
လေမှာကူးခတ်
ရန်သူနဲ့ ရင်ချင်းအပ်နေတာက
ကိုယ့်အိမ်ရာလိုပဲ
သဘောထားနေကြလား မသိ ….
ကမ္ဘာ့အစီအစဉ်မှာ
ရာစုသစ် အခင်းအကျင်းက
ကစော်ပေါက်တဲ့ရာသီနဲ့
မှောင်တ၀က် လင်းတ၀က် …
မြွေလိမ် မြွေကောက်တွေနဲ့
တောင်မရှိတဲ့ တောမှာ
အရိုင်းဆန်ဆန်
ခဏ … ခဏ တောခြောက်ခံရတော့
အသက်ရှုကြပ်
နှလုံးခုန် ရပ်တော့မယ် ….
ဆောင်းလူ (၁၁၊ ၈၊ ၂၀၀၇)