ချိုစိမ့် – ” အဖြေမရသေးတဲ့ ည”
(မိုးမခ) ဇွန် ၄၊ ၂၀၁၆
ကျောရိုး ရှည်သလောက်
အမှောင်က ပိုနက်
ဆွဲခေါ် ချသွားတဲ့
လှပ အိပ်မက်တွေကလည်း
မနည်းလှတော့….
ဖိတ်တဝက် စင်တဝက်
အရုဏ်တက်များ
ကမ္ဘာကြီး အလှနဲ့ ခြားထားသလို …
အရုဏ်တက်များ
ကမ္ဘာကြီး အလှနဲ့ ခြားထားသလို …
ပြိုမှာလေလား မိုးရဲ့,
စိုးထိတ်ရမယ့် အစား
ဘဝများစွာ အတွက်
စတေးခဲ့ကြရ …
စိုးထိတ်ရမယ့် အစား
ဘဝများစွာ အတွက်
စတေးခဲ့ကြရ …
ဇွန်လရဲ့ မိုးရေစက်များအလား
ဇွန်လရဲ့ မျက်ရည်စက်များနဲ့ သီဖွဲ့
အလှည့်ကျ မနွဲ့ကြစတမ်းပေါ့….။ရဲဘော်ကြီး ကိုမင်းနိုင် သို့
ချိုစိမ့် (ဇွန် ၃၊ ၂၀၁၆)
အလှည့်ကျ မနွဲ့ကြစတမ်းပေါ့….။ရဲဘော်ကြီး ကိုမင်းနိုင် သို့
ချိုစိမ့် (ဇွန် ၃၊ ၂၀၁၆)