ညိုထက် (လမ်းသစ်ဦး) ● ကွဲလွဲရင်း ပေါင်းစည်း
(မိုးမခ) ဇွန် ၁၊ ၂၀၁၆
ကချောအထာနဲ့ ပြောရရင်
နဖူး ခေတ္တဒဏ်ရာရနေတဲ့ ငနဲနဲ့
မောင်လွမ်းဏီတို့အိမ်မှာ တွေ့ခဲ့တယ်။
ကျနော်တို့တွေ့ကြတဲ့အချိန်
ဒီငနဲနဖူးမှာ ခေတ္တဒဏ်ရာရှိနေသလို
ကျနော့်လည်း တဖက်ကန်းနေတယ်။
ကဗျာဆိုတာ က၀ိပစ္စည်းလို့ပြောတော့
ကျနော်က ငတိလို့
ကျနော့်ကိုယ်ကျနော် သညာပြုဖူးတယ်
နဖူး ခေတ္တဒဏ်ရာနဲ့ လူကတော့
ကဗျာဆရာ လူကြီးလူကောင်းမို့လို့
ငနဲလို့ သုံးနှုန်းလိုက်တာဖြစ်တယ်။
ကျနော်တို့ ၂ ယောက်ကြား
ပွင့်သစ် (ကရိန်ကန်) က ရပ်ပြီး
ကိုအောင်ဘညို
သူက ညိုထက် ကဗျာရေးတယ်ပြောတော့
ကျနော်က သူ့ကိုကြည့်မိသလို
သူက ကျနော့်ကို ကြည်မိကြတယ်
ဟုတ်ကဲ့
တယောက်ကို တယောက်ကြည့်တဲ့အကြည့်တွေက
ကျနော်တို့ကို ရင်ခုန်ခဲ့စေတယ်
ကဗျာသမားချင်းတွေ့တဲ့အခါ
အဲဒီလိုပဲ ရင်ခုန်လေ့ရှိကြတယ်မဟုတ်လား။
မဲဆောက်က ရန်ကုန်ရောက်တဲ့အခါ
ကဗျာဆရာသမဂ္ဂဆိုလား ဖွဲ့တည်တယ်တဲ့
ကြေငြာချက်တွေ ဘာတွေထုတ်လို့
ကျနော် ဖတ်ဖြစ်တယ်။
ကျနော် အမေရိကားကို လိမ့်တယ်။
ဖေ့စ်ဘုတ်ကတဆင့်
သမ္မတကြီး ကဗျာဖတ်ရတယ်
သမ္မတကြီး လိမ့်တယ်။
ကျနော် အမေရိကားကို လိမ့်တယ်
ကမ္ဘာသစ်ရဲ့ ဘ၀သစ် စတင်တယ်
သချုင်္ီင်းလို့ အမည်ပေးထားတဲ့
ဘာသာစကားသစ်တွေကို သင်ကြားနေရတယ်
အခြေအနေ သစ်တယ်
သမ္မတ သစ်တယ်
အချစ် သစ်တယ်။
အောင်ဘညိုမရှိတော့ဘူးတဲ့
ဒါပေမယ့် သစ်တယ်
AB ညို ရှိနေတယ်
ညိုထက် (လမ်းသစ်ဦး)
၃၀ – ၅ – ၂၀၁၆