ကဗျာ

မောင်ရဲနွေ (ပလိပ်) – လတပေါင်း ပြောင်းတဲ့မြေ

 
မောင်ရဲနွေ (ပလိပ်) – လတပေါင်း ပြောင်းတဲ့မြေ
(မိုးမခ) မတ် ၃၀၊ ၂၀၁၆

လတပေါင်း
အခါပြောင်းတဲ့ ဒီနွေ…။

အသစ်ထူးလို့
ပုရစ်ဖူးတို့ ဝေ….။

ဒီမြေမှာ
နှစ်၅၀ကျော်မှ ပွင့်တဲ့ပန်း
လန်းလို့ ဆန်းလို့
တို့ပြည်သူအများ  ပျော်လို့နေ…။

ဒီမြေ
ဒီရေ
ဒီလေ
တို့ပြည်သူတွေ  အောင်ပြီလေ…။ ။

မောင်ရဲနွေ (ပလိပ်)
၃၀.၃.၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts