ဟံသာဝတီဦးဝင်းတင် ပုံပြ အတ္တုပ္ပတ္တိ စာအုပ်ထွက်ရှိ
(မင်းရဲညွန့်လှိုင်) မိုးမခ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
စာရေးဆရာ မောင်ကိုကို (အမရပူရ) ရေးသားပြီး ကာတွန်း ဝလုံး သရုပ်ဖော်ပုံရေးဆွဲသည့် “ဟံသာဝတီဦးဝင်းတင် ကျားရဲ´´အမည်ပေးထားသည့် ပုံပြအတ္တုပ္ပတ္တိ စာအုပ် ထွက်ရှိလာပါသည် ။ လွင်ဦး စာပေက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် အဖြစ် အုပ်ရေ (၁၀၀၀) ကို တန်ဖိုး (၃၅၀၀/-) ဖြင့် ထုတ်ဝေသည်။ ဟံသာဝတီဦးဝင်းတင်သည် မြန်မာစာပေ နှင့်နိုင်ငံရေးတွင် အထူးထင်ရှားသည့် သတင်းစာဆရာ၊ စာရေးဆရာနှင့် နိုင်ငံရေးသမားကြီး ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည် ။