ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – “ဗလာစာရွက်ထဲမှာ”

 

ဆောင်းယွန်းလ – “ဗလာစာရွက်ထဲမှာ”

(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၆

ဗလာစာရွက်ထဲမှာ
တွေးမထားတဲ့ ကဗျာတွေနဲ့
ရေးမထားတဲ့ စာတွေရှိတယ်…

ဗလာစာရွက်ထဲမှာ
သံသရာရထားရဲ့ အငွေ့တွေနဲ့
ကံကြမ္မာမြားရဲ့ အရွေ့တွေရှိတယ်…

ဗလာစာရွက်ထဲမှာ
ပေးပြီး မရတဲ့ ငြိမ်းချမ်းရေးနဲ့
ရပြီး မပေးတဲ့ လွတ်လပ်ရေးရှိတယ်…

ဗလာစာရွက်ထဲမှာ
ဖောင်းကြွနေတဲ့ ရယ်သံတချို့နဲ့
နှောင်းမှကြွေတဲ့ ငိုသံတချို့ရှိတယ်…

ဗလာစာရွက်ထဲမှာ
မိုးကောင်းတဲ့ မိုးလေ၀သနဲ့
ဆောင်းမှန်တဲ့ ကြေညာသံတွေရှိတယ်…

ဗလာစာရွက်ထဲမှာ
အေးမတူ ပူမမျှတဲ့ လူ့ဘ၀ရှိတယ်…

ဗလာစာရွက်ထဲမှာ
ပညာမတတ်တဲ့ အောင်လက်မှတ်တစုံနဲ့
မအောင်မြင်တဲ့ အောင်မြင်မှုတွေရှိတယ်….

ဗလာစာရွက်ထဲမှာ
လိုချင်တာအားလုံး ရှိနေတယ်
ဖြစ်ချင်တာအားလုံးလည်း ဖြစ်နေတယ်….

ဗလာစာရွက်ထဲမှာ
ဗလာစာရွက်ဟာ မျဉ်းကြောင်းမပါဘူး…

ဗလာစာရွက်ဟာ
ဗလာစာရွက်ထဲမှာ စာတလုံးမှမပါဘူး…

ဗလာစာရွက်ဟာ ဗလာစာရွက်ထဲမှာ
……ဗလာ…..ဗလာ…..ဗလာ….

ဗလာစာအုပ်ကို
ဗလာစာရွက်ထဲကနေ ဆွဲစုတ်လိုက်ကြစို့…။

ဆောင်းယွန်းလ (ဇန်န၀ါရီ ၁၅ရက်၊ ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts