သတင်းပဒေသာ

တပ်သိမ်းမြေများပေါ်အလံစိုက် တိုးချဲ့၊ စိုက်ပျိုးခြင်းအား တောင်သူများကန့်ကွက်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အိုးဘိုတောင်ရွာက ရွာသားများ

တပ်သိမ်းမြေများပေါ်အလံစိုက် တိုးချဲ့၊ စိုက်ပျိုးခြင်းအား တောင်သူများကန့်ကွက်

ခင်စန်းမေ၊ မုံရွာ၊ (မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅

စစ်ကိုင်းတိုင်း၊  မုံရွာမြို့ ၊ အခြေစိုက် အမှတ်(၁၆) ခြေမြန်တပ်ရင်း ပိုင်မြေဟု သတ်မှတ်ထားသည့် အိုးဘိုတောင်ကွင်း အမှတ် (၃၃၀)၊ (၃၃၁) တွင် အလံငယ်များဖြင့် နယ်နမိတ်တစ်လျောက်စိုက်ထူပြီး စိုက်မြေတိုးချဲ့ ခြင်းအပေါ်  ဒေသခံတောင်သူ (၁၀) ဦး က ကန့်ကွက်ကြောင်း သတင်းရရှိသည်။

 အဆိုပါမြေ (၁၈) ဧက ပေါ်တွင်ယခုရက်ပိုင်းအတွင်း စပါးနှင့် ပဲစိုက်ပျိုးရန် အမှတ်(၁၆) ခြေမြန်တပ်မှတာဝန်ရှိသူများက ထွန်စက်မောင်းခြင်းပြုလုပ်နေသည့်အတွက် တောင်သူများမှ သွားရောက် ကန့်ကွက်ခြင်းဖြစ်သည်။  အိုးဘိုတောင်ရွာမှ တောင်သူ (၁၀) ဦးဖြစ်သော ဦးသိန်းလွင်၊ ဦးသန်းစိုး၊ မမြင့်မင့်ထွေး၊ ဦးဘရီ၊ ဒေါ်မြင့်ကြည်၊ ဦးဘိုးတော်၊ ဦးနီတာ၊ ဦးသန်းဆင့်၊ ဦးမုန်းချစ်၊ ဦးချက်ကြီးတို့က ကန့်ကွက်ကြောင်း ပြောဆိုကြပြီး၊ မိမိတို့စိုက်ပျိုးခွင့် ပြန်ရလိုကြောင်း  – မမြင့်မြင့်ထွေးက ပြောဆိုသည်။

 အဆိုပါမြေများကို ၁၉၉၆ ခုနှစ် န၀တအစိုးရလက်ထက် ဗိုလ်ချုပ်လှမြင့်ဆွေက သိမ်းယူခဲ့ခြင်းဖြစ်ကာ တစ်ဧက ကျပ်ငွေ သုံးထောင်ကျပ်ကို လျော်ကြေးအဖြစ် တောင်သူအများစုက လက်ခံလက်မှတ်ထိုးခဲ့သည်ဟု သိရသည်။ ယင်းသို့ လက်မှတ်ထိုးခဲ့သော်လည်း မိမိတို့ပြန်လည်လုပ်ကိုင်ခွင့် ရရန် ၂၀၁၂ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာဌာနများသို့ အကြိမ်ကြိမ်စာတင်သော်လည်း မည်သို့မျှ ထူးခြားခြင်းမရှိခဲ့ရာမှ၊ ယခုအခါ အလံစိုက်ကာ စိုက်ပျိုးမြေများ တိုးချဲ့နေသည့် အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း တောင်သူ ဦးသန်းစိုးကပြောသည်။ အဆိုပါ မြေများမှာ မိုးရေနှင့် မြစ်ရေ၀င် အင်းမြေများဖြစ်ကာ မုံရွာ – ရေဦး ကားလမ်း ၀ဲယာတွင် တည်ရှိသည်။အဆိုပါ ကိစ္စနှင်.ပတ်သက်၍ အမှတ်(၁၆)ခြေမြန်တပ်ရင်းမှ တာဝန်ရှိသူများကို တိုက်ရိုက်မေးမြန်းရာတွင် မိမိတို့တွင် မည်သို့မျှပြောဆိုရန် မရှိကြောင်း ပြန်ကြားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts