Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

Viber က မြန်မာသုံးစွဲသူများ အဆင်ပြေစေရန် တယ်လီနော၊ Red Dot တို့နှင့်အတူ တွဲပြီးဆောင်ရွက်

Viber က မြန်မာသုံးစွဲသူများ အဆင်ပြေစေရန် တယ်လီနော၊ Red Dot တို့နှင့်အတူ တွဲပြီးဆောင်ရွက်
ရန်နောင်(ဗိုလ်တထောင်) ။ (မိုးမခ) ၊ ဒီဇင်ဘာလ  ၁၇၊ ၂၀၁၅

 မြန်မာနိုင်ငံရှိ လျင်မြန်စွာ တိုးတက်များပြားလျက်ရှိသော မိုဘိုင်းဖုန်းအသုံးပြုသူများ Viber ကို ပိုမို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ တယ်လီနော၊ Red Dot တို့နှင့်အတူလက်တွဲ၍ ‘ We Love Myanmar ’ အစီအစဉ်ကို မိတ်ဆက်လိုက်သည်။ 

‘မြန်မာနိုင်ငံက သုံးစွဲတဲ့သူတွေအနေနဲ့ Viber ကို အခုလို တခဲနက် အားပေးသုံးစွဲကြတဲ့အတွက် တကယ့်ကို ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံမှာ Viber ကို နံပါတ်တစ်ဖြစ်အောင် အားပေး အသုံးပြုကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ Viber အနေနဲ့ အခုလို သုံးစွဲသူတွေရဲ့ တနေ့တာမှာ တစိတ်တဒေသအဖြစ်ပါခွင့်ရတာကို ကျေနပ်မိပါတယ်။ သုံးစွဲသူတွေကို ပျော်ရွှင်အောင်ကြိုးပမ်းလုပ်ဆောင်ရင်း ကျနော်တို့ Viber ရဲ့ အောင်မြင်မှုကို ဆင်နွှဲချင်ပါတယ်’ ဟု Viber ၏ လုပ်ငန်းလည်ပတ်မှု အမှုဆောင်အရာရှိချုပ်ဖြစ်သူ Micheal Shmilov ကပြောကြားခဲ့သည်။

 

    လာမည့် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယတွင် Viber နှင့် တယ်လီနော တို့ ပူးပေါင်း၍ Viber အခမဲ့အသုံးပြုခြင်းနှင့် ‘ We Love Myanmar ’  စတစ်ကာများ အခမဲ့ရယူနိုင်ခြင်း အစီအစဉ်တို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ မှတ်ပုံတင်စရာမလိုဘဲ Viber app တွင် ရက်သတ္တပတ် ၂ ပတ်ကြာအခမဲ့ စာတိုပေးပို့နိုင်မည့် အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်သည်။ တယ်လီနော အသုံးပြုသူများ အနေဖြင့်အဆိုပါကာလအတွင်း   အင်တာနက်ခမကုန်ဘဲ Viber စတစ်ကာအသစ်များကိုလည်း အခမဲ့ ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်။

    Viber သည် ၂၀၁၄ ခုနှစ်ဇူလိုင်လတွင် အသုံးပြုသူ ၅သန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ရာခိုင်နှုန်း ၂၆၀ ရာခိုင်နှုန်း အထိတိုးတက်လာပြီး သုံးစွဲသူ ၁၈ သန်းအထိ မြန်မာနိုင်ငံတွင် အောင်မြင်မှု ရရှိနေပြီ ဖြစ်သည်။

    တယ်လီနောသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော 3G ဆက်သွယ်မှု ကွန်ရက်ဖြစ်ပြီး နိုင်ငံတခုလုံးတွင် တာဝါတိုင်ပေါင်း ၄၀၀၀ နီးပါး ဖြန့်ကျက်ထားလျက်ရှိသည်။ လက်ရှိတွင် တယ်လီနောသည် အသုံးပြုသူပေါင်း ၁၂ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး ၎င်းတို့အနက်မှ ၅၇ ရာခိုင်နှုန်းမှာ အင်တာနက် အဓိက အသုံးပြုကြသူများဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts