ကဗျာ

အောင်ကျော်သွင် – ကံကြမ္မာရင်ကြားစေ့

အောင်ကျော်သွင် – ကံကြမ္မာရင်ကြားစေ့
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၅

ပြောရေးဆိုခွင့်ရှိတဲ့ ချစ်သူ
အနာပေါ်မှာ အနာသစ်ထပ်ပေါက်လို့
အမာရွတ်နှစ်ခု ဖြစ်မလာနိုင်ပါဘူး။

အသွေးအသားသက်သက်နဲ့
ရေးဖွဲ့လို့
အဆီအငေါ်မတည့်တဲ့ ငါ့ကဗျာ
မသမာတဲ့ နင့်အချစ်ကို
စော်ကားသလိုဖြစ်ရင်
ခွင့်လွှတ်ခဲ့။

မတတ်နိုင်ဘူး…
ငါ .. ဘာမှမတတ်နိုင်ဘူး …

ငါ့ဝမ်းခေါင်းထဲကပိုးတစ်ကောင်ဟာ
မင်းပစ်သွင်းလိုက်တဲ့
မက်လုံးတွေကြောင့်
ရှင်ပြန်ထမြောက်လာတာမဟုတ်လေဘူး။

စည်းမျဉ်းခံနှလုံးသားထဲက ငါ့အနုပညာတွေ
တစ်နေ့…
ပတ်ကြားအက်ထဲကို
နစ်ကျွံမသွားဘူးလို့
ဘယ်သူပြောနိုင်မလဲ …

ချစ်သူ …
ကိုယ်ရလိုက်တဲ့ ဒုက္ခမှ
ဒုက္ခစစ်စစ်လို့
ဝတ္တရားရှိရှိ ပဲ့ကိုင်မှုတွေကြား
ငါ ဘယ်လို ရင်ကြားစေ့ရပ။

တကယ်တော့
နင့်ထိုက်နဲ့ ငါ့ကံပါပဲ …။ ။

အောင်ကျော်သွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts