အောင်ဝေး – အ သ ည်း ကွဲ သူ ပု န် ကြီး
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၅
ဟုတ်တယ် ကိုပေါက်
ခင်ဗျားဟာ
တကယ့်ကို အသည်းကွဲသူပုန်ကြီးပါ။
ခုတော့
အသည်းကွဲသူပုန်ကြီးက
ကျနော်တို့ ကို ထားခဲ့ပြီပေါ့ ။
မကြည်ရေ …
ရောင်နီမလာခင်
အမှောင်ကို သူ ထွန်းညှိခဲ့ပေါ့ ။
ဖြူဖွေးရေ …
လက်နက်ကိုင်တဲ့လက်က
ကဗျာကို သူ ရေးခဲ့ပေါ့ ။
ခုတော့
အသည်းကွဲသူပုန်ကြီးရေ …
သွားပေဦးတော့။
ဘိုကလေးမြို့ ကလေးရေ …
အသည်းကွဲ သူပုန်တစ်ယောက်
လက်နက်ကိုင် ကဗျာဆရာတစ်ယောက်ရဲ့ 
ဝိညာဉ်ကို
ဝမ်းမြောက်ဝမ်းသာ ယူငင်ထားလိုက်ပါတော့။ ။
(ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်ထူးဆောင်ကဗျာဆရာ
က မာ ပု လဲ သို့ … )
ေ အ ာ င္ ေ ၀ း
နိုဝင်ဘာ ၁၈– ၂၀၁၅။