ချိုစိမ့် – သောင်ရင်းမှာ မျောသွားတဲ့ ကမာ
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅
– သူ့ အတွက်သူ
အသည်းကွဲ ကဗျာတွေ မရေးတတ်ဘူးတဲ့
သန်းပေါင်းများစွာအတွက်
ရန်သူအပေါ် အသည်းက မာတုန်း
– ရေစီးရေလာ မကောင်းတဲ့ ဘ၀တွေကို
မက်မောစွာ ပွေ့ချီရင်း
သူ့နှလုံးအစုံကို ခုန်စေခဲ့သူ
– ကိုပေါက် – ကမာပုလဲ … …
ရဲဘော်ကြီး
နောက်ထပ်ရတဲ့ ဘ၀မှာ
တော်လှန်တဲ့ ကဗျာဆရာပဲ ဖြစ်ပါ မှာပါ … …။
ဦးညွတ်လိုက်ပါတယ် ရဲဘော်ကြီး
၁၈ နိုဝင်ဘာ၊ ၂၀၁၅