မောင်မောင်လတ်(ရွှေအင်းလေးစာပေ) – တွေ့ ဆုံဆွေးနွေးခြင်း အပြီး ….
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
ရွေးကောက်ပွဲကနေမဲအများစုအနိုင်ရပါတီက ကျန်ပါတီအဖွဲ့အစည်းတွေကို အသွင်ကူးပြောင်းရေးကာလအတွက် သဘောထား ညှိနှိုင်းစကားပြောရမဲ့အစား မဲအပြတ်အသတ်နဲ့ မရှုမလှရှုံးနီမ့် သွားခဲ့တဲ့ အာဏာရပါတီက လုပ်ချလိုက်ပြန်ပြီ။ နိုင်ငံရေးပါတီတွေနဲ့  တွေ့ ဆုံဆွေးနွေးခြင်း ဆိုသတဲ့လား .. … ၊၊
မကြာသေးတဲ့ အချိန်တခုက မဝေးသေးတဲ့ ကာလတခုမှာ – တိုင်းပြည်ပြောင်းလဲ တည်ငြီမ်ရေး အတွက် လေးပွင့်ဆိုင်စကားပြောပါရစေ လို့ တောင်းဆိုကမ်းလှမ်းခဲ့ တာကို တိုက်ရိုက်တွေ့ဆုံစကားပြောရမဲ့အစား၊ ၁၂ ပွင့်ဆိုင်လိုက်၊ ၄၈ ပွင့်ဆိုင်လိုက်နဲ့ ရေရာသေချာတဲ့ ဦးတည်
လမ်းကြောင်းမှန်တခုကို ဝေဝါးသွား၊ သေးငယ်သွားအောင်လုပ်
အခုနေမှတော့ မတွေ့လဲမဖြစ်၊ ရှောင်နေဖို့ ကလဲ ပုန်းစရာမရှိ၊ လယ်ကွင်းပေါ် အထီးထီးမြင်ကွင်း
မရိုးမဖြောင့် ရည်ရွှယ်ချက်နဲ့ ကြိုတင်ကြံစည်မှု တခုခုအတွက် လုပ်ဆောင်ခဲ့ တာတော့  အသေအချာပါဘဲ။
ရည်ရွှယ်ကတည်းကိုက မရိုးမသား စီမံထားတာကိုက ကလီမ်ကကျစ်၊ ဖြစ်စေချင်တာက ဖရိုဖရဲ ကသောင်းကနင်းဆိုတော့ တူသောအကျိုးပေးလိုက်ပုံက ပက်ပက်စက်စက်မရှုမလှပါလား။
“သဘောထားဆန္ဒတောင်းခံခြင်း..” ဟာ တချက်လွှတ်အမိန့်ပေးလိုက်ခြင်းပါ။
အဲဒီအစဉ်အလာမပျက် အရှုံးကြီးရှုံးနိမ့်နေတာတောင် တပ်မတော်ဆိုတဲ့ ဝှက်ဖဲတချပ်ကို ကိုင်ပြီး နိုင်ငံရေးပါတီတွေနဲ့ တွေ့ ဆုံတဲ့ တခဏ – ၅ နှစ်တာ ကာလလုံးလုံး မထိရဲ၊ မတို့ရဲ၊ ဖြေရှင်းလို့  မပြီးစီးနိုင်တဲ့ လယ်ယာမြေသီမ်းဆည်းခံကိစ္စတွေ၊ မတရားအမှုဆင် ပုဒ်မအမျိုးမျိုးနဲ့ အဖမ်းခံနေရတဲ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ပညာရေးပြုပြင်ခြင်းအတွက် တိုက်ပွဲဝင် အဖမ်းခံကျောင်းသူ/ သားတွေကို လက်ကျန်ကာလအတွင်း အမြန်ဆုံးဆောင်ရွက်ပေးရေး၊ လွှတ်
ဘာတွေများ ဆက်လုပ်အုံးမှာလဲ….?
ဘယ်အရာကိုများ ဆင်ကြံ ကြံနေအုံးမှာလဲ…?
ဘာတွေနဲ့  ကြံဖန်ပြီး အချိန်ဆွဲအုံးမှာလဲ…?
ဒါမှမဟုတ် ရောမမြို့ ကြီးကို မီးတင်ရှို့ လိုက်တော့ မှာလား….?