စာအုပ်စင်

ဦးလှရွှေ (ခ) အောင်သာ (PPP) စာအုပ်မိတ်ဆက်

 
ဦးလှရွှေ () အောင်သာ (PPP) စာအုပ်မိတ်ဆက်
(နောင်ကျော်) မိုးမခစာအုပ်စင်၊ နိုဝင်ဘာ ၁၅၊ ၂၀၁၅
၁၄ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ် တုန်းက တောင်ဥက္ကလာပ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်အပေါ်ထပ်ခန်းမမှာ မိတ်ဆက်ပွဲ လုပ်ခဲ့တဲ့စာအုပ်ပါ။
အောင်သာ-PPP(ဦးလှရွှေ)ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိလည်း ဖြစ်ပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးခေတ်တွေကြားမှာ ကြုံတွေ့ခဲ့ရတဲ့လူတွေနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေလည်းပါတယ်။ အဘိဓမ္မာနဲ့ ပတ်သက်လို့၊ ခေတ်ပြိုင်အခြေအနေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးထား၊ သုံးသပ်ထားတာတွေလည်းပါတယ်။ လူတချို့ကတော့ ဆတ်ဆတ်ခါနာနိုင်တာလည်း သတိပြုမိပါတယ်။
သူနဲ့အမြင်တူတာရှိမယ်။သဘောထားကွဲတာရှိမယ်။ ပြဿနာမဟုတ်။ သူအယူအဆနဲ့သဘောထားအမြင်ကို ပြောထားတာဖြစ်လို့ စိတ်ဝင်စားစရာ စဉ်းစားစရာ တွေ့ရမယ်ထင်ပါတယ်။
သေချာတာကတော့ သူဟာ ကျောင်းသားသမဂ္ဂဝင်ဘဝကနေ အခုအထိ နိုင်ငံရေး မုန်တိုင်းထဲမှာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နေခဲ့ နေတုန်း ဆိုတာပါပဲ။
သူ့စာအုပ်ကိုပိုးစုန်းကြူး တကောင်ရဲ့ အတ္ထုပ္ပတ္တိလို့ ကမ္ပည်းထိုးခဲ့ချင်ပါသတဲ့။
၂၀၁၅ နိုဝင်ဘာလမှာ ယဉ်မျိုးစာပေက ထုတ်ဝေပြီး တန်ဖိုးက ကျပ် ၆၅၀၀ ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts