ရန်လင်းအောင် – ရေးတော့ – အမှန် – ဖတ်တော့ – အသံ
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၅
မိတ်ဆွေတွေ တယောက်ပြီး တယောက်
ရန်သူတွေ တယောက်ပြီး တယောက်
တိုက်ပွဲတွေ တခုပြီး တခု
ဆိုးဆေးတွေ ထိုးဆေးတွေ တမျိုးပြီး တမျိုး
ဘယ်ကွေ့ ညာချိုး ၊ ပြီးရင်
ညာကွေ့ ဘယ်ချိုး ……
လူတွေပြောင်းပြီ ထင်လား
မူတွေပြောင်းပြီ ထင်လား
မင့် ငါမပြောလား
သင်ခန်းစာဖောင်းပွမှုတွေထဲ
လက်သီးဆုပ်ကြီး ဘယ်လိုဖြည်ရမလဲ
ဘယ်လိုဖြေရမလဲ။
ကိုယ့်နာမည်ကိုယ်
စာလုံးပေါင်း မှန်ဖို့က
အခုထိ
တကယ့် စွန့်စားခန်းကြီးပဲ ။ ။