ချမ်းမြ – ”အစာငတ်ခံရေးတဲ့ကဗျာ”
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၅
လိုအပ်လာလျှင်
ကျွန်တော်တို့ အရိုးကိုချိုး
စည်းရိုးကာရမယ် ရဲဘော်အောင်မှိုင်းဆန်း
တရားကို နတ်စောင့်တယ်
ဒီစကားက
မြန်မာနိုင်ငံအတွက်တော့ မှားတယ်
အများညီ ဤကို ကျွဲဖတ်
အမှန်တရားကို လက်ထဲဆုတ်
မိုးချုပ်ခဲ့တဲ့ ညတွေလည်း များပြီ
ရဲဘော်အောင်မှိုင်းဆန်း ရေ အလေးနီပါ
ကမ္ဘာမကြေဘူးသီချင်းနဲ့
ဒေါင်းအလံကို ဆွဲ လေမှာဝဲပြီး
ကျွန်တော်တို့ ရှိရာ ပြန်လာလဲ့ပါ
ရဲဘော်အောင်မှိုင်းဆန်း
(သာယာဝတီထောင်အတွင်း အစာငတ်ခံတိုက်ပွဲဝင်နေသော ရဲဘော်ကိုအောင်မှိုင်းဆန်းသို့)
ချစ်ခြင်းအားဖြင့်
ချမ်းမြ