ကဗျာ သစ်ကောင်းအိမ်

သ စ်ေ ကာ င်း အိ မ် – ဆ င်ေ ခြ ဖုံး

သ စ်ေ ကာ င်း အိ မ် – ဆ င်ေ ခြ ဖုံး
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၅

ဗာဟီရရဲ့မွေးနေ့ပွဲ အကြိမ်ကြိမ်က
တံခါးဝတိုင်းမှာ အင်္ကျီချွေးကို ညှစ်ချလို့
ခေါင်းပေါင်းစ တလူလူ တလွင့်လွင့်နဲ့
စီတန်းရပ်နေတဲ့ ဓာတ်မီးတိုင်တွေရဲ့ ပွေ့ဖက်မှုမှာ
ရင်ခွင်ဟာ ပါမလာခဲ့ ….။

နာရီပြင်ဆိုင်ထဲရောက်သွားတဲ့ နေ့နဲ့ ညတွေနဲ့
တရားစခန်းဝင်နေတဲ့ လမ်းမတွေရယ် …။

သစ်ရွက်ရေခြုံထားတဲ့ ခုံတန်းလျားတွေနဲ့
လှော်တက်တွေ ရေတိမ်နစ်နေတဲ့ ကန်ရေပြင်ရယ် ….။

အင်္ကျီဆင်တူဝတ်ထားတဲ့ ခိုအိမ်ကလေးတွေနဲ့
ကစားကွင်းဘေးမှာ နို့တိုက်ရင်း ငိုက်မြည်းနေတဲ့ မိန်းမတွေရယ် …။

ကင်မရာတလုံးရဲ့ ဆုံးဖြတ်မှုမျိုးမှာ
အရိပ်ရှင်တခုကို သေဆုံးသွားခဲ့ပေါ့
မှန်တင်ခုံရှေ့မှာ ထိုင်ရာမထ
ကိုယ်ပိုင်မျက်နှာမရှိတဲ့ ရှုမျှော်ခင်းများ ….။

သူ့ဖေ့ဘုခ်မှ ယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts