စာအုပ်စင် ဖိုးစီ ငြိမ်းချမ်းအေး ငြိမ်းချမ်းအေး

၂၀၁၅ ရွေးကောက်ပွဲ မဲပေးချိန် အမီ “ဆင်ခြင်ဉာဏ်ဖြင့်ရွေးချယ်ခြင်း” စာအုပ် ထွက်မည်

၂၀၁၅ ရွေးကောက်ပွဲ မဲပေးချိန် အမီ “ဆင်ခြင်ဉာဏ်ဖြင့်ရွေးချယ်ခြင်း” စာအုပ် ထွက်မည် 

(မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၆၊ ၂၀၁၅

စာအုပ်ကို မြန်မာပြည်အနှံ့ နယ်မြို့များနှင့် ကျေးလက် တောရွာများက စာကြည့်တိုက်များ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းများ၊ ဓမ္မကျောင်းများ လူမှုရေးအသင်းများကို အခမဲ့ ပေးပို့ လှူဒါန်းရန် အဓိက ရည်ရွယ်ထားပြီး ရန်ကုန်၊ မန္တလေး၊ စင်ကာပူနှင့် အခြား မြန်မာပြည်တွင်း မြို့ကြီးများရှိ စာအုပ်အရောင်းဆိုင်များမှာလည်း လာမည့် အောက်တိုဘာလ ၂၀ ရက်နေ့ နောက်ပိုင်းမှစ၍ ဝယ်ယူရရှိနိုင်ပါမည်။

စာအုပ် သည် PVF (Political Volunteer Force) အမည်ဖြင့် နိုင်ငံရေး ပြောင်းလဲမှုများ ဖြစ်ပေါ်တိုးတက်အောင် အကျိုးအမြတ်မဲ့ တနိုင် လှုပ်ရှားနေသည့် အဖွဲ့က လူငယ်များ၏ ကိုယ်ပိုင် ငွေကြေးစိုက်ထိုက် စီစဉ်မှု ရလဒ်ဖြစ်ပြီး မည်သည့် ပြည်တွင်းပြည်ပ နိုင်ငံရေးပါတီ၊ လူမှုရေးအဖွဲ့အစည်း NGO INGO တခုခု၏ ငွေကြေးထောက်ပံ့မှု ရယူခြင်း မရှိပါ။ 

“ဆင်ခြင်ဉာဏ်ဖြင့်ရွေးချယ်ခြင်း” (မျိုးချစ်အစွန်းတဖက်နှင့် စစ်အာဏာ ခြေဖျက်ရမည့် ၂၀၁၅ ရွေးကောက်ပွဲ) ခေါင်းစဉ်ဖြင့်

မင်းဒင်၊

ငြိမ်းချမ်းအေး၊

ဖိုးစီ (ရုံးတော)

မင်းခိုင်၊

သင့်မြတ် (ချင်းတွင်း)၊

ကြယ်လေး ဆောင်းပါးရှင် (၆) ဦး ၏ ဆောင်းပါး (၂၈) ပုဒ် ပါဝင်သည်။

အစွန်းရောက်မျိုးချစ်အသံများ ညံနေသည့် မျက်မှောက်ခေတ် တိုင်းပြည်အခြေအနေတွင် လူမျိုးရေး၊ ဘာသာရေးဗန်းပြ အာဏနိုင်ငံရေးအတွက် အသုံးချလိုသူများ၏ စနက်ကို ဆန့်ကျင်တိုက်ဖျက်လိုခြင်း၊ လူသာမန် လူအများ၏ လူမျိုးရေး၊ ဘာသာရေးဆက်စပ် စိုးရိမ်သောကတချို့ကို ချေဖျက်လိုခြင်းနှင့် လူအများ ယေဘုယျ နိုင်ငံရေး အသိ၊ ဒီမိုကရေစီ ဗဟုသုတ တိုးပွားစေလိုခြင်း ရည်ရွယ်ရင်းဖြစ်သည်။

လူ့အဖွဲ့အစည်းအတွင် နက်နက်ရှိုင်းရှိုင်းတွယ်ငြိနေသည့် လူမျိုးရေး၊ ဘာသာရေး အမြင်မကြည်လင်မှု၊ နိုင်ငံရေးအသုံးချခံ တရားလွန်ဖြစ်နေမှု အိုင်းအနာကို ရေရှည်ကုသရာမှာလည်း တတပ်တအား ဝိုင်းဝန်းလိုခြင်း ဖြစ်သည်။

စာပေဒါန၊ ဒီမိုကရေစီကုသိုလ် နိုင်ငံရေးအလှူဒါနပြုရာတွင် ဝင်ရောက်ပါဝင် ကူညီ စာအုပ်မှာယူ ပြန်လည် ဖြန့်ဝေ လိုသူများ အနေနှင့် နီးစပ်ရာ စာအုပ်အရောင်းဆိုင်များတွင် မေးမြန်း ဝယ်ယူနိုင်သလို အောက်ပါ ပုဂ္ဂိုလ်များထံတွင်လည်း တိုက်ရိုက် အမှာစာပေးပို့ ဝယ်ယူနိုင်ပါသည်။ E-book အဖြစ်လည်း MoeMaKa Kindle Store Amazon ကတဆင့် ဖြန့်ချိ မှာ ဖြစ်ပါသည်။

စာအုပ်ရောင်းဈေးမှာ – ပြည်တွင်း – ၁၅၀၀ ကျပ် ၊ စင်ကာပူ – 5 SGD ၊ E-book – 5 USD သတ်မှတ်ထားပါသည်။

စာအုပ်ထွက်ရှိမည့်နေ့စွဲ – ၂၀ အောက်တိုဘာ ၂၀၁၅ ခုနှစ်၊ အင်္ဂါနေ့

ဆက်သွယ်ရန် —

ရန်ကုန် – ကိုဌေးမင်းခိုင် ဖုန်း +၉၅ (၀) ၉၂၅၂၂၄၉၀၉၄ ၊ E-mail – htayminkhaing.ec@gmail.com

မန္တလေး – ကိုရဲမင်းဝင်း ဖုန်း +၉၅ (၀) ၉၄၃၁၆၀၆၈၂ ၊ E-mail – yeminwin@gmail.com

စင်ကာပူ – ကိုမင်းမင်းဦး ဖုန်း +၆၅ ၉၂၃၃၅၆၂၁ ၊ Email – minu.min@gmail.com

စင်ကာပူ – ကိုဝင်းနိုင်ဦး ဖုန်း +၆၅ ၉၈၂၉၅၇၁၇ ၊ Email – wi.winnaingoo26@gmail.com

Nyein Chan Aye Facebook နှင့် Email: nyeinchanaye81@gmail.com

PVF အဖွဲ့၏ Facebook စာမျက်နှာ 2015 Myanmar Election https://www.facebook.com/2015ge?fref=ts

E-book –  http://moemaka.com MoeMaKa Kindle Store Amazon


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts