တပ်ချင်ရာတပ်လို့ရတဲ့ ခေါင်းစဉ်
ရန်လင်းအောင်၊ အောက်တိုဘာ ၂၁၊ ၂၀၁၃
ဖွဲ့စည်းပုံ ပြင်ဖို့ပြောသံ တစ်လုံး
 ပေါက်ပြန်ပြီး ဗုံးတစ်လုံး
 ငြိမ်းချမ်းရေး ရေးဖို့ ဆိုသံတစ်လုံး
 ခွဲပြန်ပြီး ဗုံး တစ်လုံး ပြီးတစ်လုံး
 ဒါနဲ့ . . . ဒါနဲ့ . . . ဟာ ဒါပါပဲ
 မူလအသံလည်း ထွက်မရ
 မူကွဲအသံလည်းထွက်မလာ
 ကြားကြားသမျှ ညှော်လို့ ညှီလို့
 မိုးလင်းတိုင်း သတင်းနာကျလို့
 ဘယ်မှမရောက်တဲ့ခရီးကိုကျောချင်း
 လမ်းနာမည်တော့ မေးမနေပါနဲ့
 ဆိုတော့
 တိုက်တိုက်ဆိုင်ဆိုင်
 မီးဝင်မီးထွက်ကြီးဗျာနော့
 သန်လျက်တော်သူခိုးခေတ်က
 ပိုးမသေသေးဘူးဟ ! ! !
 ဘယ့်နှယ် ဒီမို က
 ဘယ်နားသွားပြီး ကရေစီ တော့မလဲ
 ကိုယ့်လူတို့ရယ် .  . . . ။                  ။
