သူတို့အာဘော် ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – ရွေးကောက်ပွဲ အပြိုင်မဲဆွယ်မှုများ နှင့် စည်းကမ်းရှိ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ



ဇော်အောင် (မုံရွာ) – ရွေးကောက်ပွဲ အပြိုင်မဲဆွယ်မှုများ နှင့် စည်းကမ်းရှိ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ

(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၅

မနေ့က မြန်မာခရစ်ယာန် ရိုမင်ကာသိုလစ် အသင်းတော်ကြီးရဲ့ကာဒီနယ် ချားလ်မောင်ဘို ရွေးကောက်ပွဲ အတွက် ပန်ကြားချက်စာလွှာထုတ်တာကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးက အားကျလေးစားစွာ ရှယ်ထားပါတယ်။ ဗုဒ္ဓဘာသာရေး ဥလျှောင်များလည်း လူထုနဲ့နိုင်ငံခေါင်းဆောင်များကို ပန်ကြားချက်ထုတ်သင့်ကြောင်း နှိုးဆော်မှု တခုပါ။ ခရစ်ယန်ဘာသာဝင်ဖြစ်တဲ့ စာရေးသူလဲ သြဇာရှိသူ ခရစ်ယာန် ခေါင်းဆောင် သင်းအုပ်များလဲ နှိုးဆော်ရပါတယ်။ မိမိသြဇာ အနည်းငယ်ရှိတဲ့ မိသားစု၊ အသိုင်းဝိုင်းတွင်းမှာ စည်းကမ်းရှိ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲအတွက် အနည်းဆုံး ဆုတောင်း၊ ပြောဆိုရပါမယ်။ မြန်မာနိုင်ငံ ခရစ်ယာန်များကောင်စီ ခေါင်းဆောင်များလဲ ပန်ကြားလွှာ ထုတ်ရပါမယ်။

ကြားခံအဖွဲ့အစည်းများ .. လူထုအားကိုးတဲ့ ဘုန်းတော်ကြီး ၊ကာချုပ်၊ ရဲချုပ်၊ လူမှုရေး၊ ပညာရေး၊ အထင်ကရပုဂ္ဂိုလ်များ၊ ပါတီကြီး၂ခု – အင်အယ်ဒီနဲ့ ကြံ့ခိုင်ရေး မဲဆွယ်သူများ ပွတ်တိုက်မှုကို ရှောင်ရှားကြဖို့ ကြေငြာ သတိပေးချက် ထုတ်ပြီး ထိန်းသိမ်းဖို့ လိုပါတယ်။

နိုင်ငံဝန်ထမ်း ဌာနဆိုင်ရာထိပ်ဆုံး အရာရှိ ကြီးများ။ စစ်ဗိုလ်ချုပ်ကြီးများ၊ ပါမောက္ခချုပ် ၊ ဘာသာရေးဥလျောင်များ မီဒီယာမှာ ကြေငြာချက် ထုတ်ရပါမယ်။

ပွတ်တိုက်မှုနည်းစေရေး

အတိုက်အခံ နဲ့ အာဏာရပါတီတို့က မဲဆွယ်ကားကြီးတွေ အစိုးရဂိတ်တွေကို ဂိတ်ကြေးမပေးပဲ ဖြတ်ခြင်း။ လမ်းစည်းကမ်း ဥပဒေမဲ့ မောင်းနှင်သွားလာခြင်း ပိတ်ဆို့ခြင်းများ ရှိပါတယ်။ ဒါကတော့ လူအုပ်စုနဲ့ဖြစ်လာရင် အင်အားသုံးအနိုင်ယူချင်တဲ့ လူဗီဇကြောင့် ဖြစ်ရတာပါ။ လူအုပ်စုအတွင်းမှာပဲ လူထုခေါင်းဆောင်ကောင်းများက တက်ကြွလွန်းသူများကို အချင်းချင်း ထိန်းသိမ်းရပါတယ်။ အင်အယ်ဒီ ထောက်ခံသူများက ပိုတက်ကြွလှုပ်ရှားတော့ ပြသနာပိုများတာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် မဲဆွယ်တဲ့ လူအုပ်ဆီ သူတို့ပါတီရုံးချုပ်ရှေ့ ရပ်ပြီး ကခုန်ကျယ်လောင်မှုတွေ အနည်းအကျဉ်း ရှိနေပါတယ်။

အာဏာရပါတီခေါင်းဆောင်ကြီး ဦးဌေးဦးက ‘ အိုဘားမား မြန်မာပြည် နှစ်ခါလာတော့ နှစ်ခါနမ်းခံရတာပေါ့..’ လို့ ပြောတဲ့စကား Eleven Media သတင်းကို ဖေ့ဘုတ်မှာ ၁၂ နာရီအတွင်း ကွန်မန့်ပေါင်း တစ်သောင်းငါးထောင်ကျော် မန့်သွားကြပါတယ်။

ဥပမာ ကွန်မန့်တခုကတော့ ‘နိုင်ငံ ခေါင်းဆောင်က မူလတန်းကလေးစကား မဲဆွယ်စကား ပြောတာ အံ့သြတယ်ကွာ’ .. စသဖြင့်…။

စိတ်မကောင်းစရာပါ ။ မီဒီယာကြီးတခုမှာ ဖေါ်ပြခံလိုက်ရတာပါ။

မဘသ အဖွဲ့နဲ့ အင်အယ်ဒီ ထိပ်တိုက်မှု မဖြစ်အောင် အင်အယ်ဒီဦးတင်ဦး မန္တလေး မစိုးရိမ်ကျောင်းသွား ပြောစကားများ နားထောင်၊ ပြန်လာတာ သည်းခံ ထိန်းသိမ်းခြင်း လုပ်ရပ်တခုပါ။

မီဒီယာများ

အစိုးရအဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်၊ ပြည်သူရဲ ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များက ထိန်းသိမ်းဖို့ အဲဒီအဖွဲ့များကိုလည်း ရိုင်းပြစွာ မပြောဆို မရေးသားဖို့၊ နာကျည်း ရင့်သီး၊ ဆွပေး၊  ပါတီကြီး၂ခုကို ရန်တိုက်ပေးတာမျိုး ၊ မီဒီယာများ သတင်းစာ စောင်ရေတက်ဖို့ချည်း မလုပ်ဖို့လိုပါတယ်။

လူမှုကွန်ယက် နာမည်ကျော်ဖေ့ဘုတ်လူပေါ်လူဇော်များဆီက ပိုပြီး ကောလဟာလ ဖြစ်စေတဲ့အတွက် အများကြီး သတိထားရပါမယ်။

နိုဝင်ဘာ ၈ ရက်နေ့ နီးလာလေ ပိုမိုပွတ်တိုက်မှု ရှိနေမှာမို့ Myanmar Good Attitude များကို ပါဝင်ထိန်းသိမ်းပြီး ငြိမ်မနေပဲ စည်းကမ်းရှိ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ..အတွက် ဆုတောင်းလုပ်ဆောင် ကြဖို့ပါ။

အထူးသဖြင့်တော့ ခေါင်းဆောင်သုံးဦး ဖြစ်တဲ့ သမ္မတဦးသိန်စိန် ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတောဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အတူတကွ သံဃာနာယကအဖွဲ့ရဲ့ ပန်ကြားလွှာကိုမျှော်လင့် မိပါတယ်။ သူတို့လည်း ထိန်းထိန်းသိမ်း လုပ်ဆောင် ပြောဆိုတယ် ဆိုပေမဲ့ သူတို့အာဏာရရှိရေးအတွက် ဦးထိပ်ထားချိန်မှာ တဖက်သူ၊ တဖက်အဖွဲ့အစည်းကို ပိုပြီး လေးစားပြောဆိုသင့်ပါတယ်။

ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ ကမ္ဘာ့အဖွဲ့စည်းကြီးများကလည်း စောင့်ကြည့်နေကြပါတယ်။

” မြန်မာ့အနာဂါတ်ကလေးများအတွက် ဒေါသထက်၊ မိမိ မျက်ရည်ကျမှု ရှိသင့်ပါသည် “။



နိုမ့်ကျ ဆင်းရဲမွဲတေနေသောလူထုနှင့် ပျက်စီးသွားသောနိုင်ငံကို ပြန်လည်ပြုပြင်ရန် …စည်းကမ်းရှိ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ.. အောင်မြင်ပါစေ။ 



(အာမင်)





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts