သတင်းဆောင်းပါး

ဝတ်မှုန် (စင်ကာပူ) – ကျပ်ငွေဈေးနှုန်းအကြောင်း

ဝတ်မှုန် (စင်ကာပူ)  – ကျပ်ငွေဈေးနှုန်းအကြောင်း

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၅

မြန်မာငွေကြေးလောကကို ကမ္ဘောဇဘဏ်အကြီးတမ်း တိုင်ပင်ခံအရာရှိ အဖြစ်တာဝန်ထမ်းဆောင်သူ ဦးသန်းလွင်နှင့် ဒီနှစ် ဧပြီလမှာ တွေ့ဆုံမေးမြန်းချက်ဖြစ်ပါတယ်။ ဦးသန်းလွင်က မြန်မာဗဟိုဘဏ် ဒုဥက္ကဌအဖြစ် နိုင်ငံခြားငွေဌာနမှာ ဝန်ထမ်းအဖြစ်တမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဟွန်ဒီလုပ်ငန်း

ပြည်ပမှာ အလုပ်လုပ်နေသူ ၆သန်းလောက် မြန်မာပြည်ငွေပို့ခြင်းက တစ်နှစ်ကို ၈ ဘီလျံလောက် ရှိတော့ အလွန်ကြီးမားတဲ့ ဈေးကွက်ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀လောက် ကြာခဲ့ပြီဆိုတော့ တရားမဝင် ဘလက်မားကက် Black Market လို့ ဆိုပေပါတယ်။ ထိမ်းသိမ်းဖို့ ခက်ပါတယ်။ ဒါကြောင့် Western Union, Money Gram လိုငွေလွဲလုပ်ငန်းများကို တရားဝင်လုပ်ခွင့်ပေးထားပါတယ်။ (မှတ်ချက်။ ကမ္ဘောဇဘဏ်သည် စင်္ကာပူတွင် ဘဏ်ခွဲဖွင့်မည် သတင်းရသော်လည်း ပြည်ပမှ ငွေလွဲလုပ်ငန်းကို အပြိုင်ဝင်လုပ်မည်လော ?)။

ငွေကြေးဖောင်းပွခြင်း Inflation

စီးပွားရေး ဂျီဒီပီတိုးတက်မှုက ၅နှစ်အတွင်း တော်တော်တိုးတက်လာတော့ ငွေကြေးဖောင်းပွမှုလည်း တိုးတက်လာရပါတယ်။ ဂျီဒီပီ ၁၀% ရှိရင် ငွေဖောင်းပွမှု ၁၅% လောက်ရှိတာ ဖြစ်သင့်ပေမဲ့၊ ဂျီဒီပီတိုးတက်မှု ၁၀%အထက် ရောက်သွားရင် ငွေဖောင်းပွနှုန်း နည်းလာမှာဖြစ်ပါတယ်။ ငွေဖောင်းပွတာ သိပ်မထူးဆန်းပါဘူး။ Inflation ဖြစ်လာရင် တနှစ်အတွင်း မှာ ပြန်ထိန်းနိုင်ပေမဲ့ ငွေကျံ့မှု ဖြစ်ပွားသွားရင်တော့ တော်တော်ဆိုးပါတယ်။ အနည်းဆုံး ၅နှစ်လောက် ပြန်လုပ်ယူရပါတယ်။

(၂၀၀၉ နောက်ပိုင်း ငွေကျုံ့မှုဖြစ်ပြီး ကန်တစ်ဒေါ်လာ ကျပ်၈၀၀ အထိ ကျဆင်းသွားရသည်။ ၂၀၁၃ နောက်ပိုင်းတွင်မှာ ပြန်လည်တက်လာခဲ့သည်)။

ရွေးကောက်ပွဲပြီးနောက်အစိုးရခေတ် ကျပ်ငွေ

ပြည်တွင်းဈေးကစားမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ခေါင်းဆောင်များပြောင်းလဲမှုတွေရှိပေမဲ့ ကမ္ဘာ့နိုင်ငံများကတော့ မြန်မာ့ပြည်ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဈေးကွက်တစ်ခု ဖြစ်နေဆဲ့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်စိုးရ ငွေကြေးဆိုင်ရာ လုပ်ကိုင်မှုတွေက မဆိုးဘူး လို့ပြောရပေမဲ့ လုပ်ထုံးလုပ်နည်းတွေ မှားနေတာလေးတွေ ပြင်ဖို့တော့ ရှိပါတယ်။ ဒါတွေ ပြင်ဆင်ပြီးရင် ကျပ်ငွေဈေးနှုန်း တည်ငြိမ်သွားမယ် ဖြစ်ပါတယ်။ ထိန်းကျောင်းနိုင်ရင်တော့ ကျပ်ငွေဈေးပြန်ကောင်းလာမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ အရံငွေအင်အားပေါ် မူတည်ပါတယ်။ နိုင်ငံခြားအရံငွေကို သုံးစွဲဖို့ ခွင့်ပြုမဲ့လူမရှိဖြစ်နေတာ … ပြောရရင်၊ ဗဟိုဘဏ်ပေါ် အများကြီးတည်ပါတယ်။ နိုင်ငံတော်အရှုံးခံ မလုပ်ရ ဆိုတဲ့ မူဝါဒ ရှိနေတော့ လုပ်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ် အရှုံးပေါ်တာထက် နိုင်ငံ မနစ်နာဖို့က ပိုအရေးကြီးတဲ့ပါတယ်။ လုပိပိုင်ခွင်တွေ လုပ်သင့်တာတွေ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲပြီးကာလ ကျပ်ငွေဈေးနှုန်းအခြေအနေက လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိလာမဲ့ ဗဟိုဘဏ်အပေါ် အများကြီးမူတည်နေပါမယ်။

ကောက်နုတ်ချက်

မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန် အစိုးရသည် အထက်မှချပေးသော မူဝါဒအတိုင်းလုပ်ဆောင်သော အစိုးရဖြစ်ည်။ ကာလ ဒေသအခြေအနေပေါ် မူတည်ပြီး ပေါ်လစီကို ပြောင်းလဲမှု၊ ထိုးထွင်းဥာဏ်ဖြင့် လုပ်ဆောင်မှု မလုပ်ပါ။ စီးပွားရေးတွင် အဓိက ကုလသမဂ္ဂ UNDP ကဲ့သို့အဖွဲ့အစည်းများမှာ စီးပွားရေးအကြံပေးမူဝါဒ အတိုင်း လုပ်ဆောင်နေသည်။ ထို့ကြောင့် ဝိသမစီးပွားရေး ခရိုနီများနှင့် အစိုးရအရာရှိကြီးအချို့ ပူးပေါင်းပြီး လိုင်စင်၊ပါမစ် အုပ်စီးထားမှုများကြောင့် အိမ်ခြံမြေဈေးနှုန်း ကမ္ဘာ့ဈေးအကြီးဆုံး ဖြစ်သွားရသည်။ ကုမ္ပဏီကြီးများကသာ မြန်မာ့စီးပွားရေးလုပ်ငန်းများကို လိုင်စင်ပါမစ်များဖြင့် အပိုင်စီးထားသောကြောင့် အာဏာရှိပြီး ငွေကြေးတတ်နိုင်သူများ အံ့မခန်း ချမ်းသာကြွယ်ဝသွားကြသည်။ ပညာတတ်များအတွက် အလုပ်အကိုင် ပွင့်လာသော်လည်း တောင်သူလယ်သမား၊ အခြေခံလူတန်းစားများအတွက် အလုပ်ကိုင်အခွင့်လမ်းမရှိ၊ ဝင်ငွေတိုးလာသော်လည်း ကြီးမားလာသော ကုန်ဈေးနှုန်းကြောင့် ခြုံကြည့်ပါ၊ အခြေခံလူတန်းစားများအဖို့ စားဝတ်နေရေး ပိုမိုခက်ခဲသွားရပါတယ်။

မြန်မာနိုင်ငံ ဂျီဒီပီတိုးတက်မှု ကန်ဒေါ်လာဘီလျံပေါင်းကို ကြည့်ရင် (Year-US$ billion) 2008-US$20b, 2010-US$35b, 2012-US$51b, 2014-US$64b တိုးတက်လာပြီး တစ်ဦးချင်းဝင်ငွေ GDP per capital ကလည်း 2008-US$200 ကနေ 2014-US$824 အထိ တော်တော်လေးတိုးတက်လာပေမဲ့ ကုန်ဈေးနှုန်းကြီးမှုကြောင့် အစားသောက်ပိုဆင်းရဲသလို ဖြစ်သွားရပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများမှာ မြန်မာအောက်ရောက်သွားတဲ့ ကမ္ဘောဒီးယားနိုင်ငံပဲ ရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကတော့ နိုင်ငံခြားချေးငွေနဲ့ထောက်ပံ့ငွေကို မှီခိုလွန်းလို့ နိုင်ငံမတိုးတက်ပဲ ပိုပြီးမွဲတေသွားရပါတယ်။ မြန်မာအိမ်နီးချင်း လာအိုနိုင်ငံကတော့ တိုးတက်နှုန်းကောင်းမွန်ပြီး၊ မြန်မာနိုင်ငံလာလည်တဲ့ ကမ္ဘာလှည့်များကို မေးမြန်းကြည့်ရာမှာ မြန်မာနိုင်ငံသားများက လာအိုနိုင်ငံသားများထက် ပိုပြီးဆင်းရဲနွမ်းပါးကြောင်း ပြောပြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများမှာ မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားက အလွန်အံ့သြဘွယ် တိုးတက်နေပါတယ်။ နှစ်စဉ် ၂ဆနီးပါး တိုးတက်လာတာ ၂၀၁၄ မှာ ခရီသည်ပေါင်း၂.၇၈သန်း အထိ မယုံနိုင်ဘွယ် တိုးတက်လာခဲ့ပါတယ်။ မြန်မာလူမျိုးများ အင်တာနက်တိုးတက်မှုကြောင့် စီးပွားရေးဗဟုသုတ တိုးတက်လာသလို၊ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းကလည်း စီးပွားရေးနဲ့ပညာရပ်မျိုးစုံ တိုးတက်ရရှိလာခဲ့ပါတယ်။

၂၀၁၆ အစိုးရသစ် ဘယ်သူဖြစ်မလဲ အရေးပိုကြီးပါတယ်။ အစိုးရပြောင်းလဲပေမဲ့ ပေါ်လစီပြောင်းလဲမဲ့ အခြေအနေ မရှိပါဘူး။ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီ အာဏာလွှဲပေးမှု ဖြစ်လာရင်လဲ စစ်တပ်က ဆက်လက်အာဏာ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ မြန်မာ့စီးပွားရေးမှာ အံ့မခန်း တိုးတက်လာဖို့ ရှိပါတယ်။ အထူးသဖြင့် အခွန်ကောက်ခြင်း (Corporate Tax, Personal Tax, Sale Tax, Social Security Tax) တွေ မှန်ကန်စွာကောက်နိုင်လာဖို့ အရေးကြီးလှပါတယ်။ ဗဟိုဘဏ်ကို လွတ်လပ်တဲ့အဖွဲ့အစည်းအဖြစ် လုပ်ပိုင်ခွင့်ပေးသလို၊ ဗဟိုစာရင်းစစ်ဌာနကိုလည်း လုပ်ပိုင်ခွင့်ရဖို့ ဖြစ်လာပါမယ်။ ပွင့်လင်းမြင်သာတဲ့ ၁၀၀% ရင်းနှီးမြှတ်နှံမှုတွေ ရလာရင် ကုန်ထုတ်လုပ်ငန်းမှာ ထိုင်းနိုင်ငံစက်ရုံများစွာ ဝင်လာပြီး အလုပ်ကိုင်ပေါများလာမယ်၊ ထိုင်းနိုင်ငံမှာလုပ်နေတဲ့ မြန်မာများစွာ ပြန်လာကြမှာပါ။ နောက်တစ်ခုကတော့ ဘတ်ဂျတ် ဇီးသီးဗန်းမှောက်တဲ့ ပြသနာပါ။ စာရင်းစစ်လုပ်ငန်းကို ပြည်ပကုမ္ပဏီများ လုပ်ပိုင်ခွင့်ရလာပြီး၊ အစိုးရစာရင်းစစ်များလည်း လုပ်ပိုင်ခွင့်အပြည့်၊ ပံ့ပိုးမှုအပြည့် ရရှိလာမယ် ဖြစ်ပါတယ်။

အကောင်းမြင်ဝါဒအရဆိုရင် ၂၀၁၆ မြန်မာနိုင်ငံစီးပွားရေး တဟုန်ထိုးတိုးတက်လာပါမယ်။ အဆိုးမြင်စနစ်အရ ဆိုရင်တော့ စစ်အာဏာပိုင်များပဲ ဆက်လက် အုပ်ချုပ်ခွင့်ရပြီး မြန်မာနိုင်ငံသားတွေ ပြည်ပထွက် အလုပ်လုပ်နေရတဲ့ ဘဝက မလွတ်မြောက်နိုင်သေးပါဘူး။

ဒါကြောင့် ၂၀၁၆ အစိုးရသစ်က အထူးအရေးကြီးလှပါတယ်။ လက်ရှိအုပ်ချုပ်သူများက နည်းမျိုးစုံနဲ့ တရားမျှတစွာ ယှဉ်ပြိုင်ခွင့်ပေးပါစေ လို့ မျှော်လင့်ပါတယ်။

ဝတ်မှုန် (စင်ကာပူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts