Han Thit Naing သတင်းပဒေသာ

ပါတီများယှဉ်ပြိုင်ပါ၊ နှောက်ယှက်ခြင်းမပြုလုပ်သင့်ကြောင်း ဒေါ်ညိုညိုသင်းပြော

ပါတီများယှဉ်ပြိုင်ပါ၊ နှောက်ယှက်ခြင်းမပြုလုပ်သင့်ကြောင်း ဒေါ်ညိုညိုသင်းပြော

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ၂၅၊ ၂၀၁၅ခုနှစ်

ရန်ကုန်မြို့ စက်တင်ဘာ ၂၄ရက်တွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ် စားလောင်း တစ်သီးပုဂ္ဂ္ဂလအဖြစ်ဆောင်ရွက် စည်းရုံးရေးဆင်းနေသောဒေါက်တာ ဒေါ်ညိုညိုသင်း ၏အဖွဲ့သားများ သည် ရွေးကောက်ပွဲတွင် မဲထည့်မမှားရန်နှင့် တံဆိပ်တုံးနှိပ်ရာတွင် အမှားများ မပြုလုပ်မိအောင် ရပ်ကွက်များအတွင်း လိုက်လံပြောပြလျှက်ရှိနေသည်။ ပါတီများတွင်လည်း နှောက်ယှက် မှုများနှင့် ပတ်သက်၍ မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို လည်းဒေါ်ညိုညိုသင်း မှပြောပြခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ဖွဲ့စည်းပုံတွင်ပေးထားသော အခွင့်အရေးများနှင့် အမြင်များအတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း အခွင့်အရေးများကို ရွေးကောက်ပွဲဥပဒေနှင့်အညီဆောင်ရွက်လျှင် မည်သူတစ်ဦး တစ်ယောက်မှ နှောက်ယှက်၍မရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက် က ဟောပြောခြင်း နှင့် စည်းရုံးခြင်းများပြုနေစဉ်အတွင်း နှောက်ယှက်ခြင်းပြုလုပ်လျှင် တရားမဲ့ပြုကျင့်မှုဖြစ်ပြီး ရဲစခန်းသို့ချက်ချင်း တိုင်ကြားရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စည်းရုံးစဉ် ၊ ဟောပြောစဉ်အချိန်များတွင် နှောက်ယှက်မှုများမဖြစ်အောင် နယ်မြေခံရဲများက လုံခြုံရေးများယူပေး သင့် ကြောင်းများကို ဗဟန်းမြို့နယ်တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်းဒေါ် ညိုညိုသင်းမှ ပြောသည်။

ဆက်လက်၍ “ဥပဒေမဟုတ်သော်လည်း နိုင်ငံရေးပါတီအချင်းချင်းလေးစားလိုက်နာရမှာ က နိုင်ငံရေးပါတီတစ်ခုက စည်းရုံးနေတဲ့အခါမှာ နောက်ပါတီတစ်ခုက သံချက်စက်ဖွင့်တာတွေမလုပ်ရဘူး၊ ဒါ့ကြောင့် ကျမတို့က ကိုယ်နဲ့ပြိုင်ဘက်တွေစည်းရုံးနေတဲ့နေရာကို ကျမတို့မသွားဘူး၊ သူများရွေးကောက်ပွဲ ဆိုင်ရာအခွင့်အရေးကို နှောက်ယှက်သလိုဖြစ်မှာစိုးလို့၊ တနေ့တည်းမှာလည်း စည်းရုံးရေးကိုပြိုင်မဆင်းဘူး၊ သူတို့ရဲ့ရွေးကောက်ပွဲ ဆိုင်ရာအခွင့်အရေးကို ကျမတို့ကလေးစားရမယ်၊ သူတို့ကလည်း ကျမ တို့ရဲ့ရွေးကောက် ပွဲဆိုင်ရာအခွင့်အရေး ကိုလေးစားစေချင်တယ်” ဟုပြောသည်။

ဒေါ်ညိုညိုသင်းသည် မြန်မာ့နိုင်ငံရေးစနစ်တွင် အာဏာရှင်စနစ် တကျော့ပြန်အသက်ဝင်ရှင်သန်မှု မရှိစေရန် ထိန်းကြောင်းသွားမည်ဖြစ်ပြီး လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး၊ ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးနှင့် နိုင်ငံတော်စီမံကိန်းများ ပြန်လည်စိစစ်ရေးများကို ဦးတည်ကြိုးစားဆောင်ရွက်သွားမည်ဟု သိရသည်။

ဒေါ်ညိုညိုသင်းသည် ၁၉၈၈-၉၀ရွေးကောက်ပွဲ အကြိုကာလများအတွင်း NLD သင်္ကကျွန်း ကျွန်းမြို့နယ် လူငယ်တာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၉၄-၂၀၀၆ခုနှစ်အတွင်း တက္ကသိုလ်ဌာနများ တွင်လည်း ဥပဒေပညာ ဌာန၏ ကထိကအဖြစ်လည်းဆောင်ရွက်ခဲ့သည်။ ၂၀၁၅ခုနှစ်ထိ မြန်မာနှင့် ကမ္ဘာမှပေးသောဆုများလည်း ရရှိခဲ့ဖူးသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်အဖြစ်ဆောင်ရွက်ခဲ့စဉ်တွင်လည်း လွှတ်တော်တွင်း၌ မေးခွန်းပေါင်း (၄၀၀)ခန့်နှင့် အဆိုပေါင်း (၄၀)ကျော်ကို အများဆုံးတင်သွင်းနိုင်သည့် မြန်မာပြည်၏တစ်ဦးတည်းသောလွှတ်တော်ကိုယ်စား လှယ်လောင်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

ဒေါ်ညိုညိုသင်းသည် ဥပဒေပါရဂူဘွဲ့၊ Doctor 0f Laws (Japan)၊ LL.M (Japan),LL.M(Y.U) ,LL.B(Y.U), Dip. In Japanese(UFL), Dip. in French (UFl) ပညာအရည်းချင်းရှိသူဖြစ်ပြီး  ၂၀၁၅ရွေးကောက်ပွဲအတွက် စည်းရုံးရေးများဆင်းလျက်နေသည်။ ယခုတွင် အမှတ် (၅၁/၅၂)၊ တိုက် (၂)၊ ၇-စီ၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ်ရုံးတွင် အောင်နိုင်ရေး အတွက်ပြုလုပ်လျှက်ရှိနေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts