Han Thit Naing ဓာတ်ပုံသတင်း

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင်လူငယ်အဖွဲ့များ ပူးပေါင်းပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်

 အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင်လူငယ်အဖွဲ့များ ပူးပေါင်းပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်

 ဟန်သစ်နိုင်၊ မိုးမခ၊ ၂၂ရက်၊ ၂၀၁၄

ကျောင်းသားလူငယ်နှင့် ပြည်သူများက စက်တင်ဘာ ၂၁ရက် အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့တွင် မြန်မာနိုင်ငံပြည်ထောင်စုကြီး ကို စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်စေရန်အတွက် ရည်ရွယ်ပြီး ချီတက်လမ်းလျှောက် ပွဲပြု လုပ်ခဲ့သည်။  ကျောင်းသားလူငယ်များသည် မြေနီကုန်း ပန်းခြံရှေ့မှ နေ့လည် ၂နာရီတွင် စတင်လမ်း လျှောက်ပြီး ဘားကရာလမ်း၊ ရှမ်းလမ်း၊ လှည်းတန်းဈေးမှ ပြည်လမ်းအ တိုင်းကြွေးကြော်သံများဖြင့် ချီတက် လာကာ အင်းလျားကန် ဘောင်တွင် အဆုံးသတ် ခဲ့သည်။ ပြည်ထောင် စုကြီး ငြိမ်းချမ်းရေး၊ စစ်ပွဲအားလုံး ရပ်ဆဲရေး၊ စစ်မှန်သောငြိမ်းချမ်း ရေးအတွက် နိုင်ငံ ရေးအကျဉ်းသား များချက်ချင်းလွှတ်၊ ကျောင်းသားအားလုံး ချက်ချင်းလွှတ်ဟု လမ်းတောက် လျှောက်ကြွေး ကြော်ခဲ့ကြသည်။
          အင်းလျားကန်ဘောင်ဘေးတွင် ငြိမ်းချမ်းရေးချီတက်လာသောလူငယ်များနှင့် အဆိုတော်များက ငြိမ်းချမ်းရေးသီချင်းများကို သံပြိုင်သီဆိုကြပြီး ငြိမ်းချမ်းရေးနေ့အတွက်
ငြိမ်းချမ်းရေးစကားများပြော ကြားခဲ့ သည်။ ကျောင်းသားလူငယ်ငြိမ်းချမ်းရေးချီတက်ပွဲပြုလုပ်ရာ  အင်လျားကန်ဘောင်သို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုမြအေးနှင့် AAPP မှ ကိုအောင်မျိုးကျော်တို့မှ လာရောက်အားပေး ကာ ငြိမ်း ချမ်းရေးစကားများပြောကြားပေးခဲ့ပြီး  မလာရောက်နိုင်သော အဖမ်းဆီးခံကျောင်းသားများ၏ ငြိမ်းချမ်းရေးစကား အသံဖိုင်များလည်း ဖွင့်ပြပေးခဲ့သည်။
          အပြည်ပြည်ဆိုင်ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲတွင် ရန်ကုန်တိုင်းမှ ဗကသများအဖွဲ့ချုပ်မှလူငယ် များ၊ generation wave မှလူငယ်များ၊ အဖြူရောင်တွဲလက်များမှ  လူငယ်များအပါအဝင် လူငယ်အဖွဲ့ ၂၀ဖွဲ့ ပါဝင်ပူး ပေါင်းလုပ်ဆောင်ပြီး၊ တချိန်တည်းမှာပင် ဧရာဝတီတိုင်းတွင်လည်း လူငယ်အဖွဲ့များမှ ငြိမ်းချမ်း ရေး အတွက် လမ်းလျှောက်ကြမည်ဟု လူငယ်ခေါင်းဆောင် ကိုသီဟမောင်မောင်မှပြောပြသည်။
          ဆက်လက်၍ “ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားတွေလည်း နိုင်ငံရေးတန်း တူညီမျှမှုအရ ပါဝင်ခွင့်ရအောင် လွှတ်ပေးဖို့အတွက်တောင်းဆိုရင်း ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်လေး ကို ဆောင်ရွက်ခြင်းဖြစ်တယ်၊ ငြိမ်းချမ်းရေးကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်” ဟုပြောသည်။
          ၈၈မျိုးဆက် ငြိမ်း/ ပွင့်မှ ကိုမင်းကိုနိုင်က ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲကိုလာရောက်အားပေးရင် ငြိမ်းချမ်းရေးလက်ဆောင်စကားပြောကြားပေးခဲ့သည်။
“မကြာခင်လာမယ့်ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်း စဉ်တွေမှာလဲ တရားမျှတခြင်းကိုဘယ် လောက်အခြေခံလဲ၊ လွတ်လပ်ခွင့်ကိုဘယ်လောက်ပေး သလဲ၊ တန်းတူ ညီမျှခြင်းကရောဘယ်လောက်ရမလဲ ဆိုတာ ကြည့်ရအုံးမှာပါ၊ ကျနော်တို့တိုင်းပြည်ဟာ တကယ်တော့ မရေရာ မှုတွေများစွာက မျက်နှာဖုံးပေါင်းများ စွာနဲ့ ကပြနေသလိုခံစားရပါတယ်၊ ကျနော်တို့ မျက်နှာဖုံးနောက် ကွယ်က အရာတွေအစစ်အမှန်တွေကိုကြည့် ရမယ်၊ ပြီးတော့တိုင်းပြည်နဲ့လိုက်ဖက် တဲ့တီးလုံး၊ အကကိုရွေးရ မယ်၊ စစ်မှန် တဲ့ငြိမ်းချမ်းရေးတီးလုံး စစ်မှန်တဲ့ဒီမို ကရေစီပြကွက်ဖြစ်ဖို့အတွက် ကျနော်တို့အားလုံး ဥာဏ်မျက်စိ သတိကြီး ကြီးနဲ့ ပူးပေါင်းကြပါစို့” ဟု ပြောသည်။
          ၈၈မျိုးဆက် ငြိမ်း/ပွင့်က ကိုမြအေးက “ ဒီနေရာမှ ကျနော်တို့ ပျော်ပွဲရွှင်ပွဲလာကျင်းပနေတာမဟုတ်ဖူး။  တိုင်းပြည်မှာ ငြိမ်းချမ်းရေးလိုချင်လို့ ငြိမ်းချမ်းရေး တောင်းဆိုနေတာဖြစ်တယ်၊ ဒါကြောင့် ရှေ့လျှောက်မယ့် ခရီး မှာ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှအခွင့်အရေးကို ဖော်ဆောင်ပေးနိုင်တဲ့ ဖက်ထ ရယ်ပြည်ထောင်စုကို တည်ဆောက်ရင်း တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြပါစို့ ဟုပြောသည်။
          AAPPမှ ကိုအောင်မျိုးကျော်က “စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေတစ်ယောက်မှမရှိမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမယ်၊
စစ်မှန်တဲ့အမျိုးသားပြန် လည် သင့်မြတ်ရေးရပါမယ်” ဟုပြောသည်။
          အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် လူငယ်များ  ချီတက်လမ်းလျှောက်မည့်နေရာများကို သက်ဆိုင်ရာဌာနသို့တင်ပြတောင်းဆိုထားသော်လည်း ခွင့်မပြုပဲ
ဟစ်တိုင်နေရာကိုသာ ခွင့်ပြုပေးခဲ့ သည့်အတွက် လူငယ်များမှ၎င်းတို့သက်မှတ်ထားသည့်လမ်းများအတိုင်းချီတက် ကာ ပြည်လမ်းရှိအင်းလျား ကန်ဘောင်တွင် အဆုံးသတ်ခဲ့သည်။ သက်ဆိုင်ရာမှလည်း ၄င်းတို့ပြုလုပ်သွားသည်ကို ဥပဒေအရအရေး ယူဆောင်ရွက်သွားမည်ဟု သိရသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts