ကဗျာ ဆောင်းယွန်းလ

ေ ဆာ င်း ယွ န်း လ – သ င် ခ န်း စာ ၂ ၅

ေ ဆာ င်း ယွ န်း လ – သ င် ခ န်း စာ ၂ ၅
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

မင်းပြန်လာမလားဆိုတဲ့ စိတ်နဲ့
ငါမအိပ်ဖြစ်ခဲ့တာ ကြာလှပေါ့တဲ့..

မင်းပြန်ခေါ်မလားဆိုတဲ့ အတွေးနဲ့
ငါလည်း တရေးမှ မရေးဖြစ်ခဲ့ပါဘူး…

စိတ်တွေကို
အတိတ်နွေရဲ့ တိတ်သားပေါ်တင်ရင်း
နာကျင်ခြင်းဟာ သီချင်းဖြစ်ခဲ့ပါတယ်…

အတွေးတွေကို
ပစ္စုပ္ပန်အရေးရဲ့ အရေပြားပေါ်မှာ ရေးခြစ်တဲ့အခါ
ဒဏ်ရာဟောင်းဟာ အမာရွတ်အသစ်နဲ့ ကဗျာဖြစ်ခဲ့ပါတယ်..

ဖြစ်နိုင်ရင်
ဆိုခဲ့မိတဲ့ အတိတ်ကို ပြန်မဆိုချင်သလို
ရေးနေမိတဲ့ ပစ္စုပ္ပန်ကိုလည်း ဆက်မရေးချင်ဘူး…

ခေါ်သူနဲ့ မျှော်သူကြား
ခြားထားတဲ့ အမှောင်ကမ္ဘာဟာ
လွတ်လပ်မှုကို သော့ချိတ်ပြီး ပိတ်ထားတဲ့ မြို့ရိုးတဲ့လား..

ကောင်းကင်တခွင်လုံးကို ရိုက်ချိုးပြီး
မြေကြီးတဆုံးကို မီးရှို့မှ
အဲဒီမြို့ရိုးကျိုးပြီး လွတ်လပ်ကြကြေးဆိုရင်
အနာဂတ်အတွက် အနာခံပြီး ရအောင်ဖျက်ရမယ်…

လိုရာကို ရွေးကောက်ပြီးမှ
လိုသလို ရေးပြီးဖျောက်ခဲ့တဲ့ ပွဲတွေလည်း များခဲ့ပြီမဟုတ်လား….။

ဆောင်းယွန်းလ

illustration : Toni Demur

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts