ရသဆောင်းပါးစုံ

ခ က် ဦး – လိ ပ် ပြာ မျို ချိ န်

ခ က် ဦး – လိ ပ် ပြာ မျို ချိ န်
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅

ထိုးထားတဲ့ဘီလူးရုပ်
ပြန်ကြောက်လာတဲ့ တက်တူးသမားလို

အစွယ်ချိုးထားတဲ့မြွေ
ပြန်ဖမ်းမရဲတော့တဲ့ အလမ္ပါယ်ဆရာလို

ကိုယ့်အသဲတယားယားပြကွက်
ကိုယ်အစမ်းသပ်ခံမရဲတော့တဲ့ မျက်လှည့်သမားလို

ပြန်အစိုက်ခံရဆဲဆဲ
လှံကစားသမားရဲ့လှံတံလိုမျိုး
သူ့ရင်ဝမှာ တဝဲဝဲ

ဓားစက်ထွင်ထားသူရဲ့
ဂုတ်ပိုးထက်မှာ
သူ့စက်ဓားသွား တဝဲဝဲနဲ့

လူသတ်ကောင်ဟာ
သူခတ်သတ်ခဲ့သမျှ သူ့အဆိပ်တွေ
သူ့ငယ်ထိပ် တရိပ်ရိပ်အတိုး

သူတင်ရှို့ခဲ့သမျှမီး သူ့နှလုံးအိမ်ထဲ
အရှိန်ငြီးငြီး လောင်မြိုက်နေခိုက်

ခြောက်လာ ဆုပ်လာသော
သူ့စိတ်သွေးကြောများ သူကုတ်ခြစ်ရင်း

တရွေ့ရွေ့ ပဲ့ေ ကြွ
တမြေ့မြေ့ သေ အံ့ မူးမူး

ရူး နေ ေ လ ေ သ ာ
အချိန် ။  ။

ခက်ဦး
၁၅ . ၉ . ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts