ဘားမားလည်းမဟုတ်၊ မြန်မာလည်းမဟုတ်၊ ဖိုးလပြည့်နိုင်ငံဟု ခေါ်ဆိုရန်
ကယ်ပါတိုင်းသား၊ အောက်တိုဘာ ၂၂၊ ၂၀၁၃
ဖိုးလပြည့်ကတော့ ကျောင်းသားလောကအပေါ် ခြေတော်တင်
ညစာအဖြစ်သုံးဆောင်ကာ အွန်လိုင်းမီဒီယာလောကကိ ယပ်ခပ်ခိုင်းစဉ် …
ညစာအဖြစ်သုံးဆောင်ကာ အွန်လိုင်းမီဒီယာလောကကိ ယပ်ခပ်ခိုင်းစဉ် …
စိတ်ရူးပေါက်ရင် ပေါက်သလို စာနယ်ဇင်းလောကကို နရင်းတီးကာ၊  စီးပွားရေးလောကကိုတော့ ခြေမနဲ့ ကလော်လိုက်၊ ဖနောင့်နဲ့တို့လိုက် …
အိမ်နေရင်း ပျင်းရင်ပျင်းသလို ရဲလောကကို ရေမချိုးခင်၊ ပါးရိုက်သွေးပူလေ့ကျင့်ခန်းလုပ်
အစိုးရတဖွဲ့လုံးနဲ့ တပ်မတော်ကြီးတခုလုံးကိုတော့ အသက် အိုး အိမ် ကား၊  ဟယ်လီကော်ပတာ စီးပွားရေးလုပ်ငန်းကြီးများအတွ
ဟေးဟေးဟားဟားနဲ့ မော်ဒယ်စိန်ကျောက် ဇယ်တောက်လိုက် ပေသီးလှိမ့်လိုက်။
ဖိုးလပြည့်အတွက်တော့ ကမ္ဘာကြီးကလုံးချင်ရင် လုံးလိုက်၊ ပြားချင်ရင်ပြားလိုက်၊ ပေါက်စီဖြစ်ချင်ရင်ဖြစ်လိုက်၊
စမူစာလုပ်ချင်ရင်လုပ်လိုက်၊ အီကြာကွေးဖြစ်ချင်ရင်ဖြစ်လိုက် ကြိုက်သလို …
ဖိုးလပြည့်အတွက်တော့ ကမ္ဘာကြီးကလုံးချင်ရင် လုံးလိုက်၊ ပြားချင်ရင်ပြားလိုက်၊ ပေါက်စီဖြစ်ချင်ရင်ဖြစ်လိုက်၊
စမူစာလုပ်ချင်ရင်လုပ်လိုက်၊ အီကြာကွေးဖြစ်ချင်ရင်ဖြစ်လိုက် ကြိုက်သလို …
ဘာအလုပ်မှ မယ်မယ်ရရမလုပ်ရဘဲ၊ ဘာပညာမှ တတ်စရာမလိုဘဲ၊ ဘာအရင်းအနှီးမှမလိုဘဲ
ထင်သလို သုံးဖြုံး ဝုန်းခွင့်ရတာ
နတ်တွေတောင်ဖန်ဆင်းတတ်ပါ့မလား
ကာလာမှိန်နေပြီ။
ထင်သလို သုံးဖြုံး ဝုန်းခွင့်ရတာ
နတ်တွေတောင်ဖန်ဆင်းတတ်ပါ့မလား
ကာလာမှိန်နေပြီ။
အော် ဖိုးလပြည့် ဖိုးလပြည့် နတ်ထက်ကံညှာ … လပြွတ်တည်း လို့တောင် ဖွဲ့နွဲ့ရမလို။
ဖိုးလပြည့်ကားတဲ့ဆို မီးပွိုင့်က စိမ်းပြီးသား။ ရဲမှန်သမျှ ပဒတ်ရပ်၊ အဲလေ မတ်တပ်ရပ်အလေးပြုရ။
ဖိုးလပြည့် ‘ဘော(လုံး)’ ကန်ချင်တယ်ဆို တက္ကသိုလ်ကျောင်းသားတွေ ပုဆိုးချွတ် (အဲလေ) ဘောင်းဘီဝတ်ပြီး ကွင်းထဲဆင်းလာခဲ့ရတာ …
ဖိုးလပြည့် အပြင်သွားမယ်ဆို ဗိုလ်မှူးလောက်က တံခါးပြေးဖွင့်ပေးရတာ …
ဖိုးလပြည့် (လက်) ကိုင် ချင်တယ်ဆို မော်ဒယ်တွေက စတိုင်နဲ့ ထိုင်ပေးရတာ။
ဖိုးလပြည့်လိုချင်တယ်ဆို မဟာပထဝီမြေကြီးတောင် ဂရံနဲ့တပါတည်း ကျုံးပေးရတာ။
အိမ်း ဟိုးငယ်ငယ်လေး အ,ကလေးထဲက ဗိုလ်လောင်းမှန်သမျှက ချီတက်အလေးပြုပေးခဲ့ရသူပေကိုး။
ဗိုလ်ချုပ်ကြီးမှန်သမျှက ဝန်းရံခပေးခဲ့ရသူပါတကား။ ဘုန်းတော်ကြီးပေစွ။
အချုပ်တွေကော၊ အချာတွေကော၊ ဝန်တွေကော၊ အမတ်တွေကော၊ လွတ်တော်ကြီးကော
ဇရပ်ကြီးပါ ဖိုးလပြည့်ထံ ညွတ်ကိုင်းပေးနေရ။
ဇရပ်ကြီးပါ ဖိုးလပြည့်ထံ ညွတ်ကိုင်းပေးနေရ။
ညူကလီးယားတို့သခင် မြောက်ကိုရီးယားခေါင်းဆောင် ‘ကင်
တိုင်းပြည်တန်ဆာ(ဟိုဟာမဟုတ်) ပျိုကညာမော်ဒယ်များနဲ့ ပျော်ပါးဖို့ရန်ထား
အအိုနဲ့ပဲ ပေါင်းရရှာတယ်။
တိုင်းပြည်တန်ဆာ(ဟိုဟာမဟုတ်) ပျိုကညာမော်ဒယ်များနဲ့ ပျော်ပါးဖို့ရန်ထား
အအိုနဲ့ပဲ ပေါင်းရရှာတယ်။
နေမဝင်အင်ပါယာကြီးရဲ့ ဦးဆောက်
နားစမ်းပါ။ ပျင်းတောင်ပျင်းသေးတယ်။ ဒီ နှစ်ကောင် ဘုရင်လေးလုပ်ရပါမယ့်အရေး … ဘုရင်တွေက မွေးထားတာတောင် စစ်တက္ကသိုလ်တက်ရ၊ စစ်မြေပြင်ဆင်းရနဲ့ နဖူးက ချွေးခြေမထိကျလို့။ အခန့်မသင့်ရင် မဘုရင်လိုက်ရဘဲ သေသွားနိုင်သေး။

ဖိုးလပြည့်တို့များ ရေသောက်ချင်ရင်တောင် ဗိုလ်မှူးတွေက ပြေးခပ်ပေးရ။ ကြည့်မရရင် ရှင်းပေးမယ့်ဘူဒိုဇာသမားနဲ့။ မာဖီးယားတွေလို ဝင်စီးပေးမယ့်သူတွေနဲ့။
အင်း ဖိုးလပြည့်အဆင့်ကလဲ တိုင်းတာဖို့ခက်သား။ ဥပမာ ရပ်ကွက်ထက် မြို့နယ်ဥက္ကဋ္ဌက ပိုမြင့်တာ၊ မြို့နယ်ထက် တိုင်းကပိုမြင့်တာမျိုးဆိုရင်လဲ သိသိသာသာ။ 
အဓိကကျတဲ့ဝန်ကြီးဌာနသုံးခုမှာ ဝန်ကြီးများကို ခန့်နိုင်တဲ့အာဏာ၊ တကမ္ဘာလုံးဘယ်မှာမှမရှိတဲ့ ရွေးကောက်တင်မြှောက်ရတဲ့ဒီမိုကေ
သိသိသာသာရော၊ မသိမသာရောမျိုးမဟုတ်။ သူ့အဆင့်က တကယ့်ကို မှန်းရခက်၊ ဆရခက်။ တိုင်းရခက်၊ တာရခက်။
သိသိသာသာရော၊ မသိမသာရောမျိုးမဟုတ်။ သူ့အဆင့်က တကယ့်ကို မှန်းရခက်၊ ဆရခက်။ တိုင်းရခက်၊ တာရခက်။
မစဉ်းဘဲ စားကြည့်ပေါ့၊ ဖိုးလပြည့်ပါးရိုက်လိုက်တဲ့ရဲက ပြည်ထဲရေးဌာနက၊ ပြည်ထဲရေးဝန်ကြီးကို ခန့်တာက ကာချုပ်။ ပါးရိုက်ဖို့သွားခေါ်ပေးရသူက ဗိုလ်မှူး၊ အနှီဗိုလ်မှူးကို ရာထူးပေးထားတာက ကာချုပ်။ အဲဒီရဲရဲ့ ပါးက လက်ဝါးရာကို မဖျက်ဘဲ ထားရတယ်ဆိုတော့ အင်း … သလိုဆိုတော့ကား ကာချုပ်ဟာ
ဖိုးလပြည့်အောက်ကလိုလို။
ဖိုးလပြည့်အောက်ကလိုလို။
တခါ ဒီဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့၊ စောင့်ရှောက်ဖို့၊ ဒီဌာနတွေရဲ့ဂုဏ်သိက္ခာဟာ နိုင်ငံတော့်ဂုဏ်သိက္ခာဆိုတော့  ဒီဂုဏ်ကိုထိန်းဖို့ရာမှာတော့ သမတမှာ တာဝန်ကရှိပြန်ရဲ့။ သမတကြီးလဲ
သူ့မိန့်ခွန်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေအကြောင်း ပလုပ်ပလောင်းပြောတာတွေလဲ လတိုင်းနီးပါး။ သူလဲ ကျသွားတဲ့ဂုဏ်သိက္ခာကို ပြန်မကောက်ရဲဘူးဆိုတော့ အင်း … သလိုဆိုတော့ကား အပြောသာချဲ့၊ အလုပ်မဲ့၊
ကဲ့ရဲ့မလွတ်နိုင်ဆိုတော့ကာ …. သမတကြီးထက်လဲ ဖိုးလပြည့်ကကြီးနေသလိုလို။

ဖိုးလပြည့်ဟာ သာမာန်တိုင်းသူပြည်သားတဦးလား။ ဖွဲ့စည်းပုံမှာလဲ မပါ၊ ထင်သာမြင်သာအောင် ခန့်ထားတာလဲ မရှိဘဲနဲ့ နေပုံထိုင်ပုံ၊ လုပ်ပုံကိုင်ပုံ၊ စီတီဇင်ရှစ်ပုံများကျတော့ သမတကြီးထက် ကာချုပ်ကြီးထက်၊ အင်း … ကိုရွှေမန်းပြောတဲ့ ဥပဒေဆိုတာကြီးရဲ့ အထက်မှာ ရှိေ
အင်း ရှင်းသလိုလိုနဲ့ ရှုပ်ပါတယ်ဆိုမှ။
အင်း ရှင်းသလိုလိုနဲ့ ရှုပ်ပါတယ်ဆိုမှ။
ကျွန်တော်သာအမတ်ဆိုရင်တော့ ပြည်တွင်းပြည်ပ၊ အတိုက်အခံနဲ့အစိုးရကြားတွေမှာပါ အငြင်းပွားနေတဲ့ ဘားမားသုံးမလား၊  မြန်မာသုံးမလားဆိုတဲ့ ကျုပ်တို့န