မောင်မောင်စိုး – ဦးတူးဂျာအတွက် တရားမျှတမှု


မောင်မောင်စိုး – ဦးတူးဂျာအတွက် တရားမျှတမှု 

(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၅

၂၀၁၅ ဇွန်လ ၁၉ ရက်ညနေ ကချင်ပြည်နယ် ကာမိုင်းမြို့ ဇီးကျွန်းရပ်ကွက်နေ ဦးတူးဂျာအပါလေးဦးကို ခလရ ၂၅၀ မှ  ဗိုလ်မှူးရဲကျော်သူနဲ့အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါ သည်။ ၎င်းတို့လေးဦးကို စစ်တပ်မှ ဖမ်းဆီးနှိပ်စက်ရင်း ဇွန်လ ၂၅ ရက်မှာ ဦးတူးဂျာကွယ်လွန်သွားကြောင်းသိရပြီး ဇွန် ၂၆ မှာ အလောင်းကို အချုပ်ခန်းထဲထုတ်သွားပေမဲ့ မိသားစုထံသို့ ပြန်မပေးခဲ့ဟုဆိုပါသည်။

ဦးတူးဂျာ၏ ဖခင်သည် ကချင်သနက ၄ အစိုးရတပ်မှ ရဲဘော်ဟောင်းတဦးဖြစ်ပြီး ဦးတူးဂျာ၏ကျန်ရစ်သူဇနီးမှာ သား သမီး ၆ ဦးကျန်ခဲ့သည်ဟုဆိုပါသည်။ ဦးတူးဂျ၏ရုပ်အလောင်းလည်းပြန်မရ သင်္ဂြိုလ်ခွင့်လည်းမရခဲ့သည့် သူ၏မိသားစုက သမတနှင့်ကာချုပ်အပါ တာဝန်ရှိသူတွေကို ပူးတွဲပုံပါအတိုင်း ၂၀၁၅ စက်တင်ဘာ ၃ ရက်နေ့ရက်စွဲနှင့် အကြောင်းအရာ ပြည့်စုံ စွာ ရေးသားတင်ပြခဲ့သည်ကိုတွေ့ရသည်။

စစ်တပ်၏ ဖမ်းဆီးခံရပြီး သေဆုံးခဲ့ရသော ဦးတူးဂျာ ရဲစခန်း တရားရုံးတို့တွင် တရားရင်ဆိုင်ခွင့်မရခဲ့သည့် ဦးတူးဂျာ သေဆုံး ချိန်တွင် အလောင်းဖျောက်ဖျက်ခံခဲ့ရသည့် ဦးတူးဂျာ မိသားစုမှ သင်္ဂြိုလ်ခွင့် ဆုတောင်းပေးခွင့် မရခဲ့သည့် ဦးတူးဂျာ အတွက် လက်ရှိအစိုးရမှ တရားမျှတမှုပေးနိုင်ပါမည်လော။

ကိုပါကြီးအတွက် တရားမျှတမှု

ဒေါ်ခင်ဝင်းအတွက် တရားမျှတမှု

ဦးတူးဂျာအတွက် တရားမျှတမှု

ကချင်ပြည်သူများအတွက် တရားမျှတမှု

မြန်မာပြည်သူများအတွက် တရားမျှတမှု

ကျနော်တို့အားလုံးအတွက်

တရားမျှတမှု ထိုတရားမျှတမှုများအတွက် ကျနော်တို့ ဘာလုပ်ကြမှာလဲ

News and photo credit Robert Sann Aung,  The Irrawaddy News