ချမ်းမြ – ”မန္တလေး ကဗျာဆရာများ ရေဘေးသင့်ပြည်သူများအား ကူညီရန် စာအုပ်ရောင်းချ၍ ရန်ပုံငွေ ရှာဖွေပွဲ ပြုလုပ်မည်”

 

ချမ်းမြ – ”မန္တလေး ကဗျာဆရာများ ရေဘေးသင့်ပြည်သူများအား ကူညီရန် စာအုပ်ရောင်းချ၍ ရန်ပုံငွေ ရှာဖွေပွဲ ပြုလုပ်မည်”

(မိုးမခ) သြဂုတ် ၄၊ ၂၀၁၅

 မန္တလေး ကဗျာဆရာများအနေနဲ့ ရေဘေးသင့်ပြည်သူများအား  ကူညီရန်အတွက် ရန်ပုံငွေရှာဖွေသည့် အနေဖြင့် ၂၆ လမ်း၊၇၅ လမ်းနှင့် ၇၈ လမ်းကြား ကျုံးတောင်ဘက် တွင် (၅၊ ၈၊ ၂၀၁၅) မှ (၇၊ ၈၊ ၂၀၁၅) သုံးရက်တိတိ ၊ မနက် ၉ နာရီ မှ ညနေ ၆ နာရီထိ တပိုင်တနိုင်စာအုပ်များ ရောင်းချပေးမှာ ဖြစ်ပြီး စာအုပ်ရောင်းချတဲ့နေရာမှာလည်း  စာအုပ်တန်ဖိုး သတ်မှတ်ရောင်းချခြင်းမျိုး  မဟုတ်ဘဲ အလှူခံပုံးထဲသို့ စေတနာသဒ္ဒါတရားထက်သန်သလောက်  ထည့်ဝင်ရန် ဖြစ်ပြီး ကြိုက်နှစ်သက်ရာ စာအုပ်တစ်အုပ် ရယူရန်ဖြစ်ပါတယ်။

 စာအုပ်ရောင်းရငွေများနဲ့ အလှူခံရရှိငွေများအားလုံးကို လည်းရေဘေးသင့်ပြည်သူများထံ ထိထိရောက်ရောက် သွားရောက်လှူဒါန်းမည်ဖြစ်သည်။

 လှူဒါန်းငွေအပြင် အစားအသောက်၊ ကုန်ခြောက်၊ ရေသန့်၊ ဆေးဝါး၊ အဝတ်အထည်များအား တိုက်ရိုက် ဆက်သွယ်လှူဒါန်းလိုပါက

 ကဗျာဆရာ ကိုထက်(ရေဦး)- 09402526187

ကဗျာဆရာ စံညိမ်းဦး – 09259018449

ကဗျာဆရာ ထွဏ်းသွေးအိမ် – 092011283

 ကဗျာဆရာ မင်းနဒီခ- 09797519099  ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း။