ကဗျာ

ဆောင်းဖြူ – ရန်ကုန်

 ဆောင်းဖြူ – ရန်ကုန်
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၅ညီမလေးရေ
ရန်ကုန်က စုံတယ်
တောနက်တယ်
သားရဲကြီးစိုးတယ်
ပရိယာယ်မာယာများတယ်။

ရန်ကုန်မှာ
ယူနီဖောင်းဝတ်ဆိုတိုင်း
အထင်ကြီးစရာမလိုဘူး
ဖုန်းဆက်လိုက်ရမလားဆိုတိုင်း
သွေးပျက်စရာမလိုဘူး
သနားလိုက်တာဆိုတိုင်း
ညွတ်သွားစရာမလိုဘူး။

ရန်ကုန်က ရန်ကုန်
ညီမလေးက ညီမလေး
မတောင်းဘဲနဲ့ ဘာမှမပေးနဲ့
မကျွေးဘဲနဲ့ ဘာမှမစားနဲ့
အားနာတိုင်းလည်း ခေါင်းမညိတ်နဲ့
ရန်ကုန်က ရန်ကုန်
ညီမလေးက ညီမလေး။

ညီမလေးရေ
ကိုယ့်မှာ ကိုယ်ခံအားသာ ကောင်းပါစေ
ရန်ကုန်ကို ခါးစောင်းတင်လိုက်
ရန်ကုန်ကို ဥပက္ခောပြုလိုက်
ရန်ကုန်ကို ဖာ့ခ်ယူလုပ်လိုက်
………………………………….
………………………………….
ရန်ကုန်က ရန်ကုန်
ညီမလေးက ညီမလေး
အားလုံး အေးဆေးသွားလိမ့်မယ်။

ဆောင်းဖြူ

××××××××××××

မိုးမခတွင် ဖော်ပြထားသည့် ဆောင်းဖြူ၏ ကဗျာများ

၁) မေတ္တာစာ
http://moemaka.com/archives/44201
http://blog.moemaka.com/2015/06/blog-post_734.html

၂) အစ်ကို
http://moemaka.com/archives/44227
http://blog.moemaka.com/2015/06/blog-post_231.html

၃) မြေစာပင်ရဲ့တေး
http://moemaka.com/archives/44296
http://blog.moemaka.com/2015/06/blog-post_281.html

၎) တံခါးများ
http://moemaka.com/archives/44482
http://blog.moemaka.com/2015/07/blog-post_86.html

၅) ၀န်ကြီးများရုံးတစ်နေရာ
http://moemaka.com/archives/44618
http://blog.moemaka.com/2015/07/blog-post_268.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts