ကဗျာ

ထက်​သစ်​ – “ရင်ခတ်မီး”

 ထက်​သစ်​ – “ရင်ခတ်မီး”
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၅

မရောက်သေးဘူးလား

မရောက်သေးဘူးလား

ခဏခဏမမေးနဲ့

ဖြေရတာမောတယ်။

တယောက်နဲ့တယောက်

ထုံးထားတဲ့ကြိုး

ဖြည်ဘို့ခက်တယ်။

စကားဆက်တွေက

လွယ်မယောင်နဲ့ခက်

တိမ်မယောင်နဲ့နက်တယ်။

ဘဝကြီးချ  ရင်းထားရတာ

လျှာဖျားလေး နဲ့စကား လာမပြောနဲ…

တကယ်စိတ်ရှိ ရင်

ရင်ဘတ်ချင်း လာပွတ်ကြည့်

ကျောက် ကျောက်ချင်းမှ

မီးပွင့်တာ မဟုတ်ဘူး

ငါတို့က ရင်ခတ်မီး အစစ်တွေ။   ။

illustration – aUnG HtEt


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts