Han Thit Naing ဓာတ်ပုံသတင်း သတင်းပဒေသာ

လူအများကိုသိစေလိုသော ငြိမ်းချမ်းရေးဖခင်သခင်ကိုယ်တော်မှိုင်းအကြောင်း စာအုပ်မိတ်ဆက်

လူအများကိုသိစေလိုသော ငြိမ်းချမ်းရေးဖခင်သခင်ကိုယ်တော်မှိုင်းအကြောင်း စာအုပ်မိတ်ဆက်

 ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၂၃ရက်၊၂၀၁၅ခုနှစ်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှတ်တမ်းစာအုပ်နင့် ကာတွန်းမောင်ခင်လှ (ပန်းချီဝသုန်)ရဲ့ ကာတွန်းသရုပ်ဖော်လက်ရာများဖြင့်ဖော်ကျူးရေးဆွဲထားသည့် ဆရာကြီးသခင် ကိုယ်တော်မှိုင်း အညာမင်္ဂလာဆောင် မဟာကဗျာလေးချိုးတို့ကို မဟာမှိုင်းစာပေမှဖြန့်ချိမိတ် ဆက်ခဲ့သည်။ ထိုစာအုပ်မိတ်ဆက်ပွဲကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ ရွှေတိဂုံဘုရာလမ်း ရန်ကုန်မြို့တွင် ဇူလိုင် ၂၂ရက်နေ့ ကကျင်းပပြုလုပ်ခဲ့သည်။
 

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေးကွန်ရက်ပြန် ကြားရေးတာဝန်ခံ ဆရာထွန်းဝင်းငြိမ်းမှ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ငြိမ်းချမ်းရေးလှုပ် ရှားမှုမှတ်တမ်းစာအုပ်နှင့် သခင်ကိုယ်တော်မှိုင်း အညာမင်္ဂလာဆောင်လေးချိုးကြီး စာအုပ်ကိုမိတ်ဆက် ရခြင်းမှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းသည် မျိုးချစ်စာဆိုတော်ဖြစ်သည့်အပြင် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး နိုင်ငံရေးအရလည်း ဂုဏ်တက်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးချိန် နှစ်ဦးနှစ်ဖက် လက်နက်ကိုင်တိုက်ခိုက်ခဲ့ရာ တွင်လည်း ငြိမ်းချမ်းရေးရအောင်ဆောင် ရွက် ပေးနိုင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း၊ ကမ္ဘာကျော်ငြိမ်းချမ်းရေး ပုဂ္ဂိုလ်ကြီး၏ စာပေများနှင့် ဘဝဖြတ်သန်း မှုများကို ပြည်သူလူထုနှင့် ကိုယ်ကျိုးစွန့်မည့် နောင်လာနောင်သား တွေ အတုယူနိုင်ဖို့ ဆရာကြီးရဲ့စာ အုပ်တွေကို ထုတ်ဝေခြင်းဖြစ်ကြောင်း၊ ဆရာကြီးမဆုံးမီ မြန်မာနိုင်ငံငြိမ်းချမ်း ရေးဖော်ဆောင်မှုအပိုင်းမှာ ကွက်လပ်တွေကျန်ရှိနေသေးသည့်အတွက် ကွက်လပ်ကိုဖြည့်ဆည်းနိုင်ရန်
ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုမှတ်တမ်း စာအုပ်ကို ဖြန်ချိသည်ဖြစ်ကြောင်း ပြောသည်။

 

 ကိုအောင်မြင့်ဦး(လူထုစာကြည့်တိုက်)မှ ပြောပြရာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု မှတ်တမ်းစာအုပ်တွင် လူထုသတင်းစားများမှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နယ်လှည့်ခရီးစဉ်တွေ ကို ဖော်ပြပေးသည့်အကြောင်းအရာတွေ ၊ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ပတ်သက်သည့် အကြောင်းအရာတွေကို ပြန်လည်စုစည်းပေးထားကြောင်း၊ တက္ကသိုလ်ကျောင်းသားများကလည်း အိုဝေမဂဇင်းတွင် ဆရာကြီး၏သဝဏ်လွှာလေးတွေလိုချင်သည့်အတွက် ရေးပေးခဲ့သသည့် သဝဏ်လွှာများလည်းပါကြောင်း၊ ဆရာကြီးပြောခဲ့သော မှတ်တမ်းများပါကြောင်း၊ ဆရာကြီးသည် ဖိနှိပ်သူနှင့်ဖိနှိပ်ခံတွင် ဖိနှိပ်ခံဘက်မှသာတစ်လျှောက်လုံးလှုပ်ရှား ရပ်တည်သွားခဲ့မှုများကို မှတ်တမ်းများမှ ပြုစုပြီးတင်ပြထားကြောင်းများ ဖြစ်သည်ဟုပြောသည်။

 တက်ရောက်လာကြသောပုဂ္ဂိုလ်အသီးသီးမှလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ငြိမ်းချမ်းရေးလုပ်ဆောင်ခဲ့မှုများကို ဂုဏ်ပြုအမှတ်တရပြောကြားပေးခဲ့ကြသည်။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts