Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ပီတိ ၏ “ ကံကြမ္မာအလိုတိုင်း ” တေးစီးရီး DVD စာနယ်ဇင်းမိတ်ဆက်

 ပီတိ ၏  “ ကံကြမ္မာအလိုတိုင်း ” တေးစီးရီး  DVD  စာနယ်ဇင်းမိတ်ဆက်
          ရန်နောင်( ဗိုလ်တထောင်)     မိုးမခ
ဇူလိုင် ၂၁ –၂၀၁၅   
 
အဆိုတော်
ပီတိ ၏ “ ကံကြမ္မာအလိုတိုင်း ” တေးစီးရီး DVD Video စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို
ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း ရှိ Orchid Hotel တွင်  ယနေ့ နံနက် (၁၁) နာရီ တွင် ကျင်းပပြုလုပ်ခဲ့သည်။
 
          အဆိုပါ တေးစီးရီး ဒီဗွီဒီ မိတ်ဆက်ပွဲတွင်
အခမ်းအနားမှူး အဖြစ် ဦးအောင်သျှံဝိုင်း မှ ဆောင်ရွက်ပြီး တေးစီးရီး စီစဉ်ထုတ်လုပ်သူ
ဦးချန်ဟိန်း (ရတနာမြိုင်တေးထုတ်လုပ်ရေး ) မှ တေးစီးရီး စီစဉ်ဖြစ်ပုံအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
 
          ထို့နောက်
အဆိုတော် ဝဏ္ဏ မှ မုဒိတာ စကားပြောကြားခဲ့ပြီး
အဆိုတော်  ပီတိ မှ တေးစီးရီး ခွေ ထုတ်လုပ်ဖြစ်ခဲ့ပုံ
အား ရှင်းလင်းပြောကြားသည်။
ဦးချန်ဟိန်း

 

ပီတိ
 
          အဆိုပါ
“ ကံကြမ္မာအလိုတိုင်း ” တေးစီးရီး တွင် တေးစာသားများကို အောင်ဖြိုးပိုင်၊ သားသား နှင့်
တေးသံရှင် ပီတိ ကိုယ်တိုင် ရေးသားထားသည်။  “
ICE RIVER ” တီးဝိုင်း နှင့် တီးခတ်ထားပြီး
တယော ချမ်းဟိန်းကြွယ် တို့က အားဖြည့် တီးခတ်ပေးထားသည်။ စတူဒီယို မက်စ် တွင် အသံသွင်းယူထားပြီး
ဟာမိုနီ ကို  SKYLARCK အဖွဲ့က သီဆိုပေးထားသည်။
ထိုစီးရီး Audio ကို ၂၀၁၄ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီး ယနေ့တွင် ရတနာမြိုင်တေးထုတ်လုပ်ရေးမှ
စာနယ်ဇင်းမိတ်ဆက်ပွဲ နှင့်အတူ မြန်မာတပြည်လုံးသို့ ဖြန့်ချိလိုက်ပြီဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts