ကဗျာ

နေဝန်းနီ(မန္တ​လေး) – ခင်​ဗျားတို့မှမသိတာ

နေဝန်းနီ(မန္တ​လေး) – ခင်​ဗျားတို့မှမသိတာ
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၅

အာဇာနည်​ ကိုး ဦး​ ကျလို့

တစ်​တိုင်းပြည်​လုံး ကျဆုံးသွားတာ

ခင်​ဗျားတို့မှမသိတာ

ကျည်​ဆံ ( ၁၃)ချက်​​ကြောင့်

တစ်​တိုင်းပြည်​လုံးမျက်​ရည်​ကြတာ

ခင်​ဗျားတို့မှမသိတာ

ပိုက်​ဆံထဲကဗိုလ်​ချုပ်​ကို သတ်​လိုက်​​​တော့

တစ်​တိုင်းပြည်​လုံး ဖာဖြစ်​ကြတာ

ခင်​ဗျားတို့မှမသိတာ

သမိုင်းထဲက​ ဗိုလ်​ချုပ်​ကို ဆက်​သတ်​​ပေမယ့်

တစ်​တိုင်းပြည်​လုံးရဲ့ ရင်​ထဲမှာ

ဗိုလ်​ချုပ်​​အောင်​ဆန်းရှိ​နေ​တာ

ခင်​ဗျားတို့မှမသိတာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts