ကိုသန်းလွင် သတင်းဆောင်းပါး

ကိုသန်းလွင် – အိန္ဒိယနိုင်ငံ၏သိပ္ပံ

ကိုသန်းလွင် – အိန္ဒိယနိုင်ငံ၏သိပ္ပံ
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၅

(၁)

လူ့ယဉ်ကျေးမှု တိုးတက်ရေးအတွက် အိန္ဒိယ နိုင်ငံ၏ အကျိုးပြုမှုများကို လစ်လျူရှု၍ မရနိုင်ပါ၊ လူတို့ကိုးကွယ် နေကြသော ဘာသာကြီး အနည်းဆုံး လေးခုမှာ အိန္ဒိယ နိုင်ငံတွင် အခြေခံပါသည်၊ ဆေးပညာ၊ သင်္ချာ၊ စင်္ကြ၀ဠာလေ့လာရေး၊ သတ္တုဗေဒနှင့် အခြား သိပ္ပံဆိုင်ရာ Discovery အများအပြားကို အိန္ဒိယနိုင်ငံတွင် တွေ့ ရှိခဲ့ကြခြင်းဖြစ်ပါသည်၊ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ခွဲစိတ်ဆရာဝန်ကြီးမှာ ကရိယာ တန်ဆာ ပလာ  ၅၀၀ ကျော်မျှ ရှိခဲ့ အသုံးပြုခဲ့ဘူးသည်၊ ပလပ်စတိတ် ဆာဂျရီလုပ်ခွဲစိတ်ခဲ့ဘူးသည်၊ သင်္ချာ တွင် သုညကို အိန္ဒိယနိုင်ငံတွင် စတင် သုံးခဲ့ကြခြင်းဖြစ်သည်၊ ဂြိုလ်များနေပါတ်လမ်းတွင်သွားလာနေပုံ၊ နေစင်္ကြ၀ဠာတွင် နေသည် အလယ်ဗဟိုရ်၌ ရှိပုံတို့ကို ဝေဒကျမ်းများတွင် တွေ့နိုင်ကြသည်၊ ကမ္ဘာပေါ်ရှိ လူသားများ အသက်ရှင် နေနိုင်ကြခြင်းမှာ နေမှရသော ရောင်ခြည်စွမ်းအင်ကြောင့်သာဖြစ်ကြောင်းသိခဲ့ကြသည်၊ နေနှင့် လတို့၏ အချိန်မှန်မှန် လည်ပါတ်သွားလာပုံကို ကြည့်ခါ ပြက္ခဒိန်များရေးဆွဲတတ်ခဲ့ကြပါ သည်၊

အိန္ဒိယနိုင်ငံကို ပြင်ပအင်အားစုများက အကြိမ်ကြိမ် ၀င်ရောက်နှောင့်ရှက် ဖျက်ဆီးခဲ့ကြပါသည်၊ မွတ်စလင်များ က ဘာသာမတူသူတို့၏ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့ကြပါသည်၊ အနောက်နိုင်ငံ များ၌ စက်မှုတော်လှန်ရေးနှင့်အတူလူ့အသုံးအဆောင်ပစ္စည်းများတည်ထွင် ထုတ်လုပ်နေကြချိန်တွင် အိန္ဒိယ နိုင်ငံသားများမှာ ကိုလိုနီ ဗြိတိသျှ တို့လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းနေခဲ့ကြရပါသည်၊

၁၈၅၀ ပါတ်ဝန်းကျင်တွင် ပြည်ပမှ မီးရထား၊ အ၀တ်အထည်ထုတ်လုပ်သော စက်ကရိယာများတင်သွင်း လာကြသည့်တိုင် ထိုပစ္စည်းများကို ပြည်တွင်းမှာ ထုတ်လုပ်သည်ဟု မရှိခဲ့ပါ၊ လွတ်လပ်ရေးရပြီဆိုသည်နှင့် “သိပ္ပံ ပညာကို လူထုက လက်တွေ့ အသုံးချအောင်လုပ်ဖို့ကလွဲပြီးတခြားအစီအစဉ်မရှိပါ” ဟု ၀န်ကြီးချုပ် နေရှုးက အထူးပြုပြောခဲ့သည်၊ ယခုအခါ စိုက်ပျိုးရေးလုပ်ငန်းများမှ သီးနှံများကို ပြည်တွင်းစားသုံးရန် ဖူလုံသည့် အပြင် ပြင်ပသို့ ထုတ်လုပ်ရောင်းချလာနိုင်နေပါပြီ၊ လွတ်လပ်ရေးရချိန်နှင့် စာသော် လူတို့ သက်တန်းမှာ ၂ ဆ မကပို၍အသက်ရှည်ရှည် နေနိုင်ကြပါပြီ၊ စက်မှုထုတ်ကုန် တင်ပို့မှုမှာ ကမ္ဘာ့ အကြီးဆုံး ၁၀ နိုင်ငံတွင်ပါဝင်နေ ပါပြီ၊

နျူကလီယာသုံး လျပ်စစ်ထုတ်စက်ရုံများကို ကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်နေကြပါပြီ၊ အာကာသဂြိုလ်တု လွှတ်တင်ရေး၊ တယ်လီကွန်မြူနီကေးရှင်း၊ ရာသီဥတု လေ့လာရေး၊ ဆိုက်စမစ်နှင့် မြေကြီးလှုတ်ရှားမှုများ၊ တွင် ရှေ့တန်းသို့ရောက်လာနေပါပြီ၊ အင်တာတိကတိုက်တွင် လူအမြဲနေသော စတေရှင် တည်ဆောက်ထားပါသည်၊ ရေနံထုတ်လုပ်ရေးမှာ လွန်ခဲ့သော ၁၀ နှစ်အတွင်း သုံးဆမက တိုးတက်လာနေပါသည်၊ အိန္ဒိယလုပ်ဆေးဝါးများ ကို တကမ္ဘာလုံးကသုံးစွဲနေရပါပြီ၊ သို့သော် ယနေ့အင်တာနက်ခေတ်တွင် အိန္ဒိယ နိုင်ငံကြီးသည် ယခုထက် အဆများစွာတိုးတက်ဖို့ကောင်းသည်၊ ဖြေရှင်းရန် မလွယ်သော ပြဿနာများ၊ ကြိုးနီစံနစ်နှင့် ခြစားမှုများမှာ နေရာအနှံ့ ရှိနေဆဲဖြစ်ပါသည်၊

(၂)

စီးပွားရေး တဟုန်ထိုးတိုးတက်လာနေသော အိန္ဒိယနိုင်ငံသည် ရှေ့သို့ချီတက်လျက် ရှိသည်၊ ၂၀၁၄ ခုနှစ်မှတ်တမ်းများအရ လူဦးရေ ၁.၃ ဘီလီယံရှိသည့် နိုင်ငံသည် ဤပုံစံဖြင့် သွားနေလျင် နှစ်ပေါင်း ၅၀ အတွင်း ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံဖြစ်လာဘွယ် ရှိသည်၊ သက္ကရာဇ် ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အတွင်း တွင် ဂျီဒီပီ မှာသုံးဆမက တိုးပွားလာခဲ့သည်၊ ၀ယ်နိုင်အားနှင့် ကြည့်လျင် အိန္ဒိယပြည်၏ စီးပွားရေးမှာ တရုတ်နှင့် အမေရိကား ပြီးလျင် ကမ္ဘာ့တွင် တတိယ လိုက်သည်။

ဇန်န၀ါရီလက ၀န်ကြီးချုပ်မိုဒီ၏ မိန့်ခွန်းတခုတွင် “စိတ်ကူးယဉ်ပါ၊ ရှာဖွေပါ၊ လေ့လာပါ၊ သုတေသနလုပ်ပါ၊ ခင်ဗျားတို့ အဖို့ ကျွန်တော့်ထက် ကောင်းတဲ့ Supporter မရှိပါဘူး” ဟု ပြည်ပတွင်နေထိုင်ကြသောသိပ္ပံ ပညာရှင်တွေကိုပြောခဲ့ပါသည်၊ နိုင်ငံရပ်ခြားမှာ မနေဘဲ အိန္ဒိယသို့ ပြန်ပြီး သိပ္ပံ သုတေသန လုပ်ငန်းတွေလုပ်ဖို့ တိုက်တွန်းနေခြင်း ဖြစ်ပါသည်။

အိန္ဒိယ နိုင်ငံအဖို့ ဂုဏ်ယူစရာတွေ ရှိပါသည်၊ ယမန်နှစ်က အဂါင်္ဂြိုလ်သို့ ဂြိုလ်တုလွှတ်တင်ရာ ပဌမ တကြိမ် မှာပင် အောင်မြင်မှုကို ရခဲ့သည်၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဈေးချိုချိုနှင့် သုံးစွဲနိုင်သော ဆေးများကို အိန္ဒိယက အလျံပါယ် ထုတ်လုပ်ဖြန့်ချိပေးနေသည်၊ မိုဒီဝန်ကြီးချုပ်ဖြစ်လာသည့် ပဌမ တနှစ်အတွင်းမှာပင်အိန္ဒိယသည် နေရောင်ခြည်သုံး (ဆိုလာပါဝါ) သုံးစွဲမှုမှာ ကမ္ဘာတွင် ခေါင်းဆောင်ဖြစ်ရမည်ဟု ရည်မှန်းခဲ့ကြသည်။

ISRO Indian Space and Research Organization သည် လာမည့် စက်တင်ဘာလ တွင် ဂြိုလ်တု (ASTROSAT) ကို လွှတ်တင်ရန်စီစဉ် ထားရာ ၄င်းသည် အနီးနားနှင့် အဝေးရှိ ကြယ်များကို လေ့လာမည်၊ သိပံ္ပ ပညာ ပရောဂျက်တခုပင် ဖြစ်သည်၊ ISRO ၏ သုတေသန လုပ်ငန်းများကို အထောက်အကူပြုနိုင်ရေးအတွက်  ၂၀၀၇ ခုနှစ်တွင် ၄င်းလက်အောက်ခံ တက္ကသိုလ်တခုကို ထူထောင်ပြီး သုတေသန လုပ်ရန်စိတ်အားထက်သန် နေကြသော ကျောင်းသား အများအပြားကို ဖိတ်ခေါ်ခဲ့သည်၊

၂၀၀၈ ကလွှတ်တင်ခဲ့သော ချန်ဒရာရမ်း(၁)လဆင်းယာဉ်မှာ လကိုအနီးကပ် ဓါတ်ပုံရိုက်အပြီးတွင် လမျက် နှာပြင်သို့အရှိန်ဖြင့် သက်ဆင်းခါ အဆုံးသတ်သွားခဲ့သည်၊ ၂၀၁ရတွင် တင်လွှတ်မည့် ချန်ဒရာရမ်း(၂) ယာဉ်မှာ လပေါ်သို့ ညင်သာစွာ ဆင်းသက်ပြီ ၆ဘီးတပ်ယာဉ်ကို လမျက်နှာပြင်ပေါ်၌် မောင်းနှင်ပါလိမ့်မည်၊ ၂၀၁၈ တွင်မှု Aditga ဂြိုလ်တုသည် နေ၏ရောင်ခြည်များ (Corona)ကိုလေ့လာစမ်းသပ်မှုများပြုလုပ်မည်ဖြစ်၏။

Raman Effect ဖြင့် ၁၉၂၀ ခုနှစ်တွင် နိုဘယ်ဆုရခဲ့သော မစ္စတာရာမန် က ဘန်ဂလိုမြို့တွင် Raman Research Institute  ကိုတည်ထောင်ပြီး သိပ္ပံပညာ ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်၊ ထိုကျောင်းတွင် ရေဒီယို တယ်လီစကုပ်ကို တပ်ဆင်နိုင်ခဲ့သည်၊ ရူပဗေဒပညာရှင် ချန်ဒရာဘို့(စ) ကလည်း၁၉၃ရ ခုနှစ်တွင် ကာလကတ္တား၌ Bose Institute ကိုတည်ထောင်ပြီး အခြေခံ သိပ္ပံပညာ ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်။

တာတာကုမ္ပဏီကလည်း TIFIR ခေါ် Tata Institute for Fundamental Research  ကို ၁၉၄၅ ခုနှစ်က ဘုံဘေ မြို့တွင် တည်ထောင်ခဲ့ကြသည်၊

တရုပ်ကုမ္ပဏီ Huawei က Bengalum တွင် အမေရိကန်ဒေါ်လာ ၁ရ သန်းတန်သုတေသနဌာနကြီးကို တည်ဆောက်ထားသည်၊ အရာရှိ ၅၀၀၀ စာအတွက်နေရာရှိပြီး ယခုအခါ သုတေသနအရာရှိ ၂ရ၀၀ ကျော် အလုပ်လုပ်ချက်ရှိနေကြသည်၊

မကြာသေးမှီက ချပေးလိုက်သော ဘတ်ဂျက်အရ စိုက်ပျိုးရေး သုတေသန ဌာနကြီး ၂ ခုကို အာသံနှင့် Jharkhand တို့တွင် စဥိးမတည်ငွေ ဒေါ်လာသန်း ၁၆၀ နှင့်တည်ဆောက်ပြီး ၂၀၂၀ အရောက်တွင် ဒေါ်လာ ၄၂ ဘီလီယံ အထိ သု့းစွဲရန်ရာထား သည်၊

ဟိုက်ဒရာဘတ် (Biotechnolgy Park) သို့Krishma Ella ဆိုသူသည်၁၉၉၆ ခုနှစ်တွင် အမေရိကား မှ ပြန်လာခါဆီးချိုရောဂါ(Hepatitis B) ဝေဒနာရှင် များအတွက်တဒေါ်လာတန် ဆေးကို ထုပ်လုပ်မည်ဟု ကျေငြာခဲ့သည်၊ သူသည် လိုအပ်သော သုတေသနဓါတ်ခွဲခန်းသုံးပစ္စည်းများနှင့် အတူပြန်လာခဲ့ခြင်းဖြစ်၏ နောက်သုံးနှစ်ကြာသော် ဆေးတခါ ထိုးလျင် ၃ဒေါ်လာခန့်တန်သည့် ဆေးကိုထုတ်လုပ်နိုင်ခဲ့သည်၊ ယခုအခါ ထိုဆေး၏တန်ဘိုးမှာ ၃၀ ဆင့်မျှသာ ရှိတော့သည်၊ အလားတူအခြားရောဂါမျိုးစုံ ကာကွယ်ဆေးများ ကို ဈေးနှုန်းချိုသာစွာဖြင့်ထုတ်လုပ် လျက်ရှိသည်။

တန်ဖိုးနည်းဆေးများနှင့် အထွေထွေရောဂါကုဆေးများ ထုတ်လုပ်နိုင်မှု့ကြောင့် (Doctors Without Borders) အဖွဲ့မှ ဆရာဝန်များအနေဖြင့် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော HIV ရောဂါကုဆေးကို ဂ၀% အဓိက အသုံးပြုနေရသည်။ အိန္ဒိယနိုင်ငံကို ဖွံဖြိုးတိုးတက်သော ကမ္ဘာ၏ ဆေးရုံပာုတင်စားပြော ဆိုကြသည်၊ တစ်ကမ္ဘာလုံးလိုလိုကဆရာဝန်များမှာလည်းအိန္ဒိယနိုင်ငံမှထုတ်လုပ်သောကာကွယ်ဆေး၊ကုသဆေးတို့ကိုအားထားနေကြသည်။

ပန်ဂျပ်နယ်တွင် ၉.၈ ပာတ်ကာမျှကျယ်ဝန်းသောမြေနေရာတွင်ရ.၅ မီဂါဝတ်မျှသောလျှပ်စစ်ကိုပေးနိုင်သည့် ဆိုလာပြားများတည်ဆောက်ထားသည်၊ အိမ်ခေါင်မိုးများပေါ်တွင် တင်ထားနိုင်သည့် ဆိုလာပြားများသည် နေရောင်ခြည်ကိုလျှပ်စစ် စွမ်းအင်သို့ပြောင်းလဲပေးမည်၊ ဆိုလာပြားထုတ်လုပ်ရေးကို ဦးစားပေးရန် ၀န်ကြီးချုပ် က ဆော်သြနေသည်၊

Solar Energy Resouce Institute for India ကိုအမေရိကန်တို့နှင့်ပူးပေါင်းပြီး ၂၀၁၄ တွင် တည်ထောင်ခဲ့ သည်။ ဆိုလာပြားထုတ်လုပ်ရေးနှင့်သုသေသနလုပ်ငန်းများကိုဦးစီးရန်ဖြစ်သည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကိုကြီးစွာသောဖိအားပေးပြီးနေရောင်ခြည်နှင့်အပူ ပေးခါလျှပ်စစ်တာဗိုင်ကိုလှည့်စေမည် သုတေသန လုပ်ငန်းကိုလည်း ဆောင်ရွက်နေသည်။

စွမ်းအင်လိုအပ်ချက်၏ ၂/၃ ကို မီးသွေးသုံး စက်ရုံများမှ လျှပ်စစ်ကို ရယူနေကြရာ ထိုစက်ရုံများကို ပိတ်ပစ်ရန်ယခုအခြေအနေနှင့် မဖြစ်နိုင်သေးပါ။ မိုဒီအစိုးရက ၂၀၂၂ တွင်နေရောင်ခြည်စွမ်းအင်မှ ၁၀၀ မီဂါဝပ်မျှ ထုတ်လုပ်နိုင်ရမည်ပာု ခန့်မှန်းထားကြသည်၊ ယခုအခြေအနေ၌ ၃.ရ မီဂါဝပ်သာထုတ်လုပ်နိုင်သေး ရာ အိန္ဒိယတနိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှု့၏ ၁.၄% သာရှိပါသည်။

အိန္ဒိ္နိယနိုင်ငံသည် လေ အားသုံး တာဗိုင်များနှင့်လျှပ်စစ်ထုတ်လုပ်ခဲ့ရာ၂၃ ဂီဂါဝပ်မျှပေးနိုင်သော လေရဟတ် စက်များတပ်ဆင်ပြီးပြီဖြစ်သည်၊ စပိန်နိုင်ငံနှင့်အလားတူလေအားသုံး လျှပ်စစ်ထုတ်လုပ်ရေးမှာကမ္ဘာတွင် စတုထ္တလိုက်သည်၊ မွန်ဘိုင်းတွင်ရှိသော Suzlon ကုမ္ပဏီမှာ လေအားသုံး တာဗိုင်ဘလိပ် ထုတ်လုပ်ရာတွင် ကမ္ဘာတွင် နံပါတ် ရ လိုက်သည်။

အိန္ဒိယနိုင်ငံတွင်တက္ကသိုလ်ပေါင်း ရ၀၀ ကျော်ရှိသည်၊ အစိုးရက ထောက်ပံ့သော လက်ရွေးစင် တက္ကသိုလ် များရှိသကဲ့သို့၊ ပြည်နယ်အစိုးရများက အုပ်ချုပ်သော တက္ကသိုလ်၃၀၀ ခန့်နှင့်ပုဂ္ဂလိကပိုင် တက္ကသိုလ် ၂၀၀ ခန့်ရှိသည်။

CSIR Council of Scientific and Industrial Rescarch အဖွဲ့နှင့်အတူ University Grant Committeတို့က သုတေသန လုပ်ငန်းများနှင့်တက္ကသိုလ် များတွင် သုတေသနလုပ်ငန်းအတွက်သုံးရန်အတွက်ဂရန့်ငွေကို ချပေးသည်။

Silicon Valley Of India ဟုခေါ်ကြသော ဘန်ဂလိုမြို့ မှ Software Industry မှာလည်း ၁၉၉၀ ခုနှစ်များဆီက ထင်ရှားခဲ့သည်၊ Infosys ကဲ့သို့သောကုမ္ပဏီ များမှာ ကမ္ဘာတ၀ှမ်းမျ အော်ဒါများကို လက်ခံနိုင်သကဲ့သို့ Intel, Sun, Oracle စသည့် ကုမ္ပဏီကြီးများမှလည်း Headquarter ဗဟိုရုံးများကို ဘန်ဂလိုမြို့တွင် ဖွင့်လှစ်လာကြသည်၊ ဆော့(ဖ)၀ဲယား များကို နိုင်ငံစုံ သို့တင်ပို့ကြရသလို အိန္ဒိယ နိုင်ငံမှ Technology သည်ကမ္ဘာအနှံ့ လွှမ်းမိုးထားသည်ဟုဆိုနိုင်သည်၊ တကမ္ဘာလုံးသုံးစွဲနေကြသည့် ဘဏ်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အသုံးပြုနေရသော ကွန်ပြူတာ ဆော့(ဖ)၀ဲများမှာ အိန္ဒိယ နိုင်ငံ အင်ဂျင်နီယာများက ဖန်တီးပေးနေကြခြင်းဖြစ်သည်၊

ကုမ္ပဏီကြီးများ၏ Call center များမှာ အိန္ဒိယ တွင် ဖွင်လှစ်ထားကြရာ ပြဿနာ တက်နေသော ကျွန်တော်တို့ အိမ်မှ ကွန်ပြူတာ၏ ပြဿနာကို အိန္ဒိယ မှ အော်ပရေတာက ဖြေရှင်းပေးနေလေသည်၊ ဥရောပ၊ အင်္ဂလန်၊ အမေရိကားတို့ မှ အိပ်(စ)ရေး ဓါတ်ပုံသည် ရောဂါရှာရန်အတွက် အိန္ဒိယ သို့ပို့လိုက်ရသည်၊ ထိုဆရာဝန်များက အဖြေထုတ်ပေးသည့်အတိုင်း အနယ်နယ် အရပ်ရပ် ဆရာဝန်ကြီးများက ရောဂါကို ကုပေးကြရသည်၊ အချို့ကမူ အမေရိကန် တက္ကဆပ်မှ ဟန်ဘါဂါ မှာသည် ကို အိန္ဒိယ Call Center က အမိန့်ပေးဖြန့်ဝေစေသည် ဟုလည်းကြားရဘူးသည်၊

(၄)

အစိုးရအဆက်ဆက်က ဂျီဒီပီ ၏ ၂% ကို သုတေသနလုပ်ငန်းများအတွက် ချပေးခဲ့ကြသော်လည်း လက်တွေ့ တွင် ချပေးနိုင်သောငွေမှာ  2005  ခုနှစ်ကတည်းက ၀.၉ % ထက်မပိုခဲ့ပါ။

အိန္ဒိယ နိုင်ငံအဖို့ သိပ္ပံဆိုင်ရာ ကမ္ဘာ့ အင်အားကြီးနိုင်ငံဖြစ်ဘို့ အရေးမှာ အဝေးကြီး လိုပါသေးသည်၊ သုတေသန လုပ်ငန်းများအတွက် ရင်းနှီးငွေ၊ သုတေသန အရာရှိ စုစုပေါင်းဦးရေ၊ သိပ္ပံသုတေသနစာတမ်းများ အရည်အသွေး နှင့် စာတမ်းစောင်ရေအတွက်တို့ဖြင့် ကြည့်သော် ဘရာဇီးနှင့် တရုတ်ပြည်တို့ အဆင့်ကို မမှီသေးပါ။

အိန္ဒိယ နိုင်ငံသည် ဆင်းရဲတွင်းက လွတ်ကင်းပြီဟူ၍ မဆို နိုင်သေးပါ၊ လူဦးရေ များပြားလှသော နိုင်ငံကြီးတွင် အဆုပ်နာ (Tuberculosis) ရောဂါ အဖြစ်အများဆုံး  ဖြစ်နေသည်၊ မိခင်များကလေးမွေးဖွားရာ တွင်သေနှုန်း အများဆုံး နှင့်နိုင်ငံ၏လေးပုံတပုံကို လျှပ်စစ် ဓာတ်အား ပေးနိုင်ခြင်းမရှိသေး၊ အိန္ဒိယပြည်တွင်လူထုအတွက် စွမ်းအင်၊ အစားအစာ၊ ကျမ်းမာရေး၊ အလုပ်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ လိုအပ်ဆဲဖြစ်ပါသည်။ ကလေးလုပ်သားများ သန်းချီ၍ရှိနေခြင်း ဘယ်နေရာမှာမဆို အမှိုက်သရိုက်တွေနှင့် ရှုတ်ပွနေခြင်းမှာ ဖြေရှင်းရ ခက်သော ပြဿနာများဖြစ်ပါသည်၊

လူဦးရေများပြားပြီး ဆင်းရဲမွဲတေနေသောအများစုမှာ ဆေးရုံ၌  ဆေးမလုံလောက်မှု့များနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်၊ အခြားကူးစက်ရောဂါမပာုတ်သော အဆုပ်ရောဂါ၊ ငှက်ဖျား နှင့်သွေးလွန်တုပ်ကွေး တို့နှင့်အတူ ဆီးချိုနှင့် သွေးကြောဆိုင်ရာနှလုံးရောဂါများ မှာလည်း အဖြစ်များနေသည်၊

အိန္ဒိယနိုင်ငံအနေဖြင့်ဆေးထုက်လုပ်သည့် ကုမ္ပဏီများ များပြားလှသောကြောင့် အရည်အသွေး (Quality) ဆိုင်ရာပြသနာများ ရှိနေပါသည်။ အစိုးရက ဦးဆောင်ပြီး တက္ကသိုလ်နှင့် ဆေးသုတေသနများမှ ထိုဆေး ထုက်လုပ်သည့်စက်ရုံများ၏အရည်အသွေးကိုထိန်းသိမ်းရန်ကြိုးပမ်းနေကြပါသည်။

တက္ကသိုလ်ပေါင်းများစွာကမူ အစိုးရကချပေးသော ရံပုံငွေမလုံလောက်မှုကြောင့် သိပံ္ပပညာသင်ကြားရေး အစီအစဉ်များ ထိခိုက်ပျက်ပြားမှုများ ရှိနေကြောင်းငြီးငြူကြသည်၊ ကာလကတ္တားတက္ကသိုလ်ကြီးများပင်      လက် (ပ)တော့ တလုံးဝယ်ယူရေးအတွက်ခေါင်းခဲရလောက်အောင်ခွင့်ပြုချက်ယူနေရသည်ဟုဆိုသည်။

အိန္ဒိယတက္ကသိုလ်များ၏ အခြားပြဿနာတခုမှာကျောင်းအုပ်ချုပ်သူများသည် အစိုးရက တိုက်ရိုက်ခန့် သူများ ဖြစ်နေခြင်းပင်၊ ထိုအုပ်ချုပ်သူများ၌ လုံလောက်သောTraining နှင့်ပညာအရည်အချင်းမပြည့်စုံခြင်း၊ အဆင့် အတန်း  မြင့်မားသော နိုင်ငံခြားတက္ကသိုလ်ကြီးများနှင့်ထိတွေ့မှုမရှိခြင်းစသော ဗဟုသုတ ချို့တဲ့မှုများရှိ တတ် ကြသည်။

(၅)

ခေတ်သစ်သည် သိပ္ပံ ခေတ်သစ်ဖြစ်ပါသည်၊ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုပ်နိုင်ငံတို့သည် ကျွန်တော်တို့ မျက်စေ့အောက်မှာပင် မှီရန် ခက်ခဲသော Giant နိုင်ငံကြီးများအဖြစ်သို့ပြောင်းလဲ သွားနေကြပါသည်၊ ကျွန်တော်တို့နိုင်ငံသည် ထိုပြောင်းလဲလာသောခေတ်ကို အမှီလိုက်ရန် လိုအပ်ပါသည်၊

ကိုသန်းလွင်
Photo credit – http://www.thealternative.in/society/how-do-we-improve-the-state-of-science-education-in-india/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts