News Yan Naung (Bo Ta Htaung) သတင်းပဒေသာ

သုခစုစံ ကုမ္ပဏီ ၏ စင်္ကာပူသူနာပြု ပညာတော်သင်ဆု နှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်

သီဟသုဓမ္မသိင်္ဂီ ဒေါ်ဥမ္မာမြင့်
သုခစုစံ ကုမ္ပဏီ ၏  စင်္ကာပူသူနာပြု ပညာတော်သင်ဆု နှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)   မိုးမခ –  ဇူလိုင် ၉  ၂၀၁၅
 
          သုခစုစံကုမ္ပ္ပဏီ နှင့် စင်္ကာပူ နိုင်ငံ People Worldwide Company တို့ ပူးပေါင်း၍ နှစ်စဉ်ပေးအပ်ခေါ်ယူလျက်ရှိသော စင်္ကာပူသူနာပြု (၃ နှစ် ဒီပလိုမာ ) အခမဲ့ပညာသင်ဆု (Fully Scholarship) နှင့် ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း(အလယ်)ရှိ
K Hotel ဒုတိယထပ်တွင် ဇူလိုင်လ ၉ ရက် နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
 
          သုခစုစံဝန်ဆောင်မှုကုမ္ပ္ပ္ပဏီမှ  မန်နေဂျင်းဒါရိုက်တာ သီဟသုဓမ္မ သိင်္ဂီ ဒေါ်ဥမ္မာမြင့်မှ ပညာသင်ဆု နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “  ကျမတို့ ၂၀၀၅ ခုနှစ်မှာ စခဲ့တဲ့ ဒီပညာသင်ဆုဟာ  ယခု စင်္ကာပူနိုင်ငံတွင် စုစုပေါင်း (၄၈၃) ဦးရှိပြီး (၃၃၇) ဦးဟာ ပညာသင်ပြီးဆုံး၍ သက်ဆိုင်ရာလုပ်ငန်းခွင် များတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ လစာအနေနဲ့လည်း ၂၃၀၀ စင်္ကာပူဒေါ်လာ ရရှိပြီး  ၆ နှစ်လုပ်ကိုင်ခွင့်ရရှိပါမယ်။ မိမိရဲ့ ဝင်ငွေနဲ့ ကိုယ်ဝါသနာ ပါတဲ့ ကျောင်းတွေမှာ လည်းဘွဲ့ဒီဂရီ ရသည်အထိ တက်နိုင်ပါတယ်။ကျမတို့ ကလေး တစ်ဦးချင်းစီကနေ ဝန်ဆောင်ခအနေနဲ့ ၁၅ သိန်းသာ ကောက်ခံပါတယ်။ ဒီပညာသင်ဆုကို ရဖို့ အတွက်
ကျမတို့ကို တံစိုးလက်ဆောင်ပေးလို့ မရပါဘူး။ မိမိအရည်အချင်းအစစ်အမှန် နဲ့သာ ပို့ပေးပါတယ် ” ဟုပြောကြားခဲ့သည်။
 
          စင်္ကာပူ နိုင်ငံ ပညာသင်ဆု အတွက် လိုအပ်သော အရည်အချင်းမှာ အသက် (၁၆ နှစ်မှ ၂၁ နှစ်အတွင်း ) ၁၀တန်းအောင်သို့မဟုတ် တက္ကသိုလ်တက်ဆဲ  ကျောင်းသူများသာ လက်ခံမည်ဖြစ်သည်။တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ အမှတ်စာရင်းဟာ အနည်းဆုံး မြန်မာစာ(၆၀) ၊အင်္ဂလိပ်စာ (၆၀) ၊သင်္ချာ (၈၀) ၊နှင့်အထက် သိပ္ပ္ပ္ပ္ပံဘာသာတွဲ သုံးဘာသာပေါင်း ပျမ်းမျှရမှတ် (၇၆) နှင့်အထက် ရရှိရပါမယ်။ နှစ်စဉ် ဇွန်လမှစတင်ကာ ဖောင်များလက်ခံပြီး ဩဂုတ်လတွင် ဖောင်ပိတ်ပါသည်။ လူတွေ့ စစ်ဆေး အောင်မြင်သူများကို  စင်္ကာပူသူနာပြု အကြိုသင်တန်းများအား ဆရာဝန်ကြီးများ ဦးစီး၍ သင်တန်းပို့ချမှာ ဖြစ်ပြီး  ဒီဇင်ဘာ
(၂၇) ရက်တွင် စင်္ကာပူကို ထွက်ခွါရမည်ဖြစ်သည်။
 
          ရွေးချယ်ခံရသူများသည် စင်္ကာပူနိုင်ငံရှိ သူနာပြုတက္ကသိုလ်တွင် (၃) နှစ် “ ဒီပလိုမာ ” အခမဲ့ တက်ရောက်ခွင့်ရမည်။လစဉ် စင်္ကာပူဒေါ်လာ (၉၀၀) ရရှိမည်။ အသွား၊အပြန် လေယာဉ်လက်မှတ် ပေးမည်။ဒီပလိုမာ ရရှိပြီးသူများအား စင်္ကာပူနိုင်ငံ၏ ဆေးရုံများတွင် သူနာပြုအဖြစ်ဖြင့် တစ်လလျှင် စင်္ကာပူဒေါ်လာ (၂၃၀၀)+ နေစရာ စင်္ကာပူ ဒေါ်လာ (၃၀၀) နှင့် အထက်ဖြင့် (၆) နှစ်စာချုပ်ချုပ်ဆို၍ တာဝန်ထမ်းဆောင်ခွင့်ရရှိမည် ဖြစ်ပြီး နှစ်စဉ် ကျောင်းပိတ်ရက်၌လည်း မိမိအစီအစဉ်ဖြင့်
အိမ်ပြန်ခွင့်ရမည်ဖြစ်သည်။
 
          “ ကျမတို့ အရင်တုန်းကတော့ ယောက်ျားလေးတွေ ပါလက်ခံပါတယ်။ နောက်တော့ ယောက်ျားလေးတွေက  ဆေးရုံ၊ကျောင်းမတက်ပဲနဲ့ အပြင်တွေအရမ်းလျှောက်သွားတော့သူတို့ဘက်ကလည်း စိတ်ညစ်လာတယ်ထင်ပါတယ်၊ ဒါနဲ့ပဲ ကျမတို့က  ၂၀၀၇ အထိပဲ ခေါ်တယ်။  ၂၀၀၈ နောက်ပိုင်းမှာ ယောက်ျားလေးတွေ မခေါ်တော့ပါဘူးရှင် ” ဟု လည်း ဒေါ်ဥမ္မာမြင့်က ထပ်မံဖြေကြားခဲ့သည်။
 
          “ နောက် ဆယ်တန်းအမှတ်စာရင်းတွေကို လည်း ၂၀၀၇ အထိ ကျမတို့ မစစ်ခဲ့ပါဘူး။ နောက် ဟိုမှာ ၂ ယောက်က စာမလိုက်နိုင်မှ  ကျမတို့ ၂၀၀၈ မှာ မိဘတွေကိုဘာမှ မပြောပဲ ပညာရေးဌာန နဲ့ ပူးပေါင်းပြီး စစ်လိုက်တော့ ၁၂၀ မှာ ၉၀ လောက်က အတုလုပ်ထားတာ တွေ့ရတယ်။ တချို့ဆို စာမေးပွဲ ကျတဲ့ကလေးတွေတောင် ပါပါတယ် ” ဟု ဒေါ်ဥမ္မာမြင့် က ဆက်လက်ပြောကြားခဲ့သည်။
 
          စိတ်ပါဝင်စားသူများအနေဖြင့် ဆက်သွယ်လိုပါက သုခစုစံကုမ္ပ္ပ္ပ္ပ္ပဏီ ၊ ပန်းဆိုးတန်းမှတ်တိုင်၊ ကုန်သည်လမ်းမကြီး(၃၉ လမ်းထောင့် ) ၊တိုက်အမှတ်(၅၀၆) ၊ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့၊ ဖုန်း-01 377 343 ၊ 377 344 ၊ 38 57 58 ၊ 38 68 77 ၊ အီးမေးလ်း tksstkss77 @gmail.com, Website: www.tksstkss.com သို့ ဆက်သွယ်နိုင်ကြောင်း လည်းထပ်မံသိရှိရသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts