ကဗျာ သက်ခိုင်

သက်ခိုင် – ပြန်လာတဲ့အခါ


 

သက်ခိုင် – ပြန်လာတဲ့အခါ

(မိုးမခ) ဇွန် ၂၀၊ ၂၀၁၅

ငါပြန်လာတဲ့အခါ

ကြိုသူမရှိ

ငါ့ကိုဘယ်သူမှမသိလေ။

ငါပြန်လာတဲ့အခါ

အသပြာ၊ ရွှေ၊ ဒေါ်လာမရှိ

ခန္ဓာမှာ ဝေစရာ ခေါင်းတလုံးလောက်ပဲ ရှိမယ်။

ငါပြန်လာတဲ့အခါ

သူတကာနုတ်ဆက်တဲ့

ဂုဏ်ဒြပ်တွေလည်းမဲ့မယ်

ဒါပေမယ့်

ပြည် သတီနိုင်မယ့်

Ph.D တယောက်တော့ မွေးဖြစ်တယ်။

ငါပြန်လာတဲ့အခါ

ဆူနာမီ၊ နာဂစ်

ငါတို့တွေ ပြည်သူအပေါ် ချစ်ခဲ့ပုံလည်း (အမေ့ကို) ပြောရမယ်။

ငါပြန်လာတဲ့အခါ

ရာဇ၀င်တေးတပုဒ်

အသာအယာရေးထုတ်လို့

ဂန္ဓ၀င် မှတ်တမ်းတပုဒ် ဖြစ်ရမယ်။

ငါပြန်လာတဲ့အခါ

အပွင့်တွေ အယှက်ယှက်လူးစေဖို့

မျိုးဆက်တွေကို ငါ့စွမ်းရည်လည်း လက်ဆန့်ဖြူးပါ့မယ်။

ငါပြန်လာတဲ့အခါ

ရွာပြင်မှာ အပင်စိုက်

စာသင်တဲ့အခိုက်လည်း ရှိမယ်။

ငါပြန်လာတဲ့အခါ

ကဗျာ စာ နည်းနည်းရေး

လူငယ်တွေ တွေးတတ်စေရေးအတွက် ဖြစ်ရမယ်။

ခက်တာက

…………..

ငါပြန်လာတဲ့အခါ

ရှေ့ရေးက မလတ်ဆတ်

နေရေးကြ အတော်ခက်တယ်။

သူများတွေလုပ်ပြီးသွားတဲ့အလုပ်

ဘ၀မှာ ငါ စ စ ပြန်လုပ်နေရတတ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ်

ချစ်တာကိုရင်မှာပိုက်

ဘ၀ကိုမိုက်ဖို့ ပြန်ခဲ့ပြီ။

ငါပြန်လာတဲ့အခါ

အမေပဲကြို

သူလည်းအိုပေါ့

……………….။

သက်ခိုင်

(၁၃း၀၃)နာရီ

(၁၅.၆.၂၀၁၅)

ပန်းချီသည် elliotrogers Human since ဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts