Yan Naung (Bo Ta Htaung) သတင်းပဒေသာ

အဝေးပြေးကားလက်မှတ်များ အွန်လိုင်းမှ ဝယ်ယူနိုင်မည်

အဝေးပြေးကားလက်မှတ်များ အွန်လိုင်းမှ ဝယ်ယူနိုင်မည်
ရန်နောင်(ဗိုလ်တထောင်)  မိုးမခ ဇွန် ၁၀ ၂၀၁၅
 
          မြန်မာတနိုင်ငံလုံးရှိ အဝေးပြေးယာဉ်လိုင်း ကားလက်မှတ်များကိုအွန်လိုင်းမှတဆင့် မူရင်းဈေးနှုန်းအတိုင်း ဝယ်ယူနိုင်တော့မည်အကြောင်းစာနယ်ဇင်းအသိပေးပွဲကို
ဇွန်လ ၃ ရက်နေ့ နံနက် (၉)နာရီက ပြည်လမ်း IBC ခန်းမတွင် ပြုလုပ်ခဲ့သည်။
          BNF Express Bus Ticket System သည် မြန်မာတပြည်လုံးရှိ အဝေးပြေးကားလိုင်းများ၏ နောက်ဆုံးရ သတင်းအချက်အလက်များနှင့် အချိန်၊ဈေးနှုန်းများကို
Online Website ပေါ်တွင် တစုတစည်းတည်း ဖော်ပြထားပြီး ကားလက်မှတ်များကို အချိန်တိုအတွင်း ဝယ်ယူနိုင်မည့်အပြင် ကားစီးရန်လက်မှတ်များကိုလည်း အချိန်ကုန်၊လူပင်ပန်းခံစရာမလိုပဲ ဂိတ်ရင်းဈေးနှုန်းအတိုင်း ရောင်းချပေးမည်ဖြစ်ကြောင်း GMBF Group မှ Bussiness Development Director  ဖြိုးဇော်မှ ပြောကြားခဲ့သည်။
          အဝေးပြေးယာဉ်လိုင်းလက်မှတ်များ ကြိုတင်ဝယ်ယူရာတွင် ငွေပေးချေမှုကို အမ်ပီယူကတ်ဖြင့်ငွေပေးချေမှုစနစ်၊မိမိ၏ ဘဏ်အကောင့်ထဲမှ ကြိုတင်ငွေပေးသွင်းစနစ်များ
နှင့် Book Now Pay Later စနစ်တို့ဖြင့်လည်း အသုံးပြုနိုင်ကြောင်းထပ်မံသိရှိရသည်။
          ကားလက်မှတ်များကို bnfexpress.com တွင် မူရင်းနှုန်းထားအတိုင်း နှစ်ရက်ခန့်ကြိုတင်ဝယ်ယူနိုင်ပြီး ကားစီးရန်ကားလက်မှတ်များကို ဝယ်ယူသူ၏ မိုဘိုင်းဖုန်းထဲသို့
စာတိုပို့စနစ်ဖြင့်ပြန်လည်ပေးပို့မည်ဖြစ်သည်။ အင်တာနက်ကွန်နက်ရှင်လိုင်းမကောင်းပါက  ဖုန်းနံပါတ် ၀၉- ၂၅၄၈၉၈၂၅၅ သို့ဆက်သွယ်ဝယ်ယူနိုင်ကြောင်းလည်း
ဦးဖြိုးဇော်မှ ထပ်မံပြောကြားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts