မ င်း ညွှ န့် လှို င် –ေ ပါ က်ေ ခါ င်း
(မိုးမခ) မေ ၂၂၊ ၂၀၁၅မြို့အဝင်က
မြို့နာမည်သရုပ်ဖော်ပြကွက်လား။
(မိုးမခ) မေ ၂၂၊ ၂၀၁၅မြို့အဝင်က
မြို့နာမည်သရုပ်ဖော်ပြကွက်လား။
တောင်ဇင်းဝတဲ့
တောင်ကိုထွင်းဖောက် ဂူပေါက်ဝနဲ့
ပေါက်ခေါင်းမြို့ကကြိုဆိုပုံ။
ဒီကိုရောက်တိုင်း
ကျောပေါက်တစ္ဆေခြောက်လှန့်တယ်။
ဖက်ဆစ်ဘီလူးစီးနင်း
ငရဲမီးလောင်စားခြင်းရဲ့
သက်သေခံဒဏ်ရာ
မြို့ခန္ဓာပေါ်က
ထင်ရှားတဲ့အမှတ်အသား။
ရာဇဝင်ရေးဝေဒနာနဲ့
လွမ်းမောရပါတဲ့ခရီးသည်
မြို့လယ်ရောက်မှ
ရင်အေးရပေါ့ကွယ်။
ရွှေအဆင်းနဲ့
ဝင်းပတောက်ပြောင်
တို့အမျိုးသားခေါင်းဆောင်လေ
ဖက်ဆစ်ကိုခုတ်တဲ့ဓားနဲ့
မားမားမတ်မတ်စောင့်ကြပ်နေလေရဲ့။
သေချာတယ်
ဒီမြို့လေးရဲ့ပုံရိပ်လွှာ
ဘယ်သောအခါမှ
အပ်ဖျားတစ်ထောက်စာသော်မျှ
မပေါက်မပြဲစေရ ။ ။
မင်းညွန့်လှိုင်