ေ ဆ ာ င်း လူ – မိုး တိ မ် မျ က် ရ ည်
(မိုမးခ) မေ ၂၁၊ ၂၀၁၅
=====
(မိုမးခ) မေ ၂၁၊ ၂၀၁၅
=====
မာယာအထပ်ထပ်နဲ့
ငိုဖို့ ကြံလို့ကောင်းတုန်း …။
လာချင်တော့လည်း သူ …
ပြန်ချင်တော့လည်း သူ …
လောကအလိုကျ
ပွင့်လာလေမလားလို့
ထပ်ခါ ထပ်ခါ ပွတ်သပ်
အဲ့ဒါကိုက
အပျိုရည်ပျက်မတတ် …။
သောကလိုသမျှ
မျှောချရင်း မျှောချရင်း …
ကျောချခံလိုက်ရပြီဆိုတော့
ငိုလိုက်ရတဲ့ မိုးတိမ်တွေ
ခုများ ….
မျက်ရည်တောင် တောက်ပလို့ …။
မေ ၁၉၊ ၂၀၁၅