Yan Naung (Bo Ta Htaung) သတင်းပဒေသာ

လင်းရောင်ခြည် စာပေဝိုင်း (၃) နှစ်ပြည့် အထိမ်းအမှတ် နှင့် “ မိုး” စာပေ၊ “ အနာဂတ်အိပ်မက်” စာပေတို့ မှ စာအုပ်များ မိတ်ဆက်ပွဲ ပြုလုပ်

လင်းရောင်ခြည်
စာပေဝိုင်း (၃) နှစ်ပြည့် အထိမ်းအမှတ် နှင့် “ မိုး” စာပေ၊
 “ အနာဂတ်အိပ်မက်”  စာပေတို့ မှ စာအုပ်များ မိတ်ဆက်ပွဲ ပြုလုပ်
ရန်နောင် (ဗိုလ်တထောင်)  မိုးမခ မေ ၁၈ ၂၀၁၅

 

 

 

 

 
 
                        လင်းရောင်ခြည်
စာပေဝိုင်း (၃) နှစ်ပြည့် အထိမ်းအမှတ် နှင့်
“ မိုး” စာပေ “အနာဂတ်အိပ်မက်” စာပေ တို့မှ ထုတ်ဝေသော စာအုပ်များအား ဖြန့်ချိမိတ်ဆက်ပွဲ
အခမ်းအနားကို  ၂၀၁၅ ခု၊ မေလ (၁၇) ရက်  နေ့လည် (၂း၀၀ ) နာရီ က YMCA ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
 
                        လင်းရောင်ခြည်
စာပေဝိုင်း (၃) နှစ်ပြည့် အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း၊ ကိတ်မုန့်လှီးခြင်းဖြင့် အခမ်းအနားကို
စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာမြေလတ်မောင်မြင့်သူ၊ ဆရာချစ်ဦးညို၊ ဆရာလေးကိုတင်၊ ဆရာတင့်ခိုင်၊
ဆရာမင်းကိုနိုင်၊ ဆရာ မာန်(တောင်လုံးပြန်) ၊ ဆရာ ရဲသျှမ်း တို့မှ မုဒိတာစကား နှင့်
စာအုပ်မိတ်ဆက်စကားများ ပြောကြားခဲ့သည်။
 
                        လင်းရောင်ခြည်
လူငယ်စာရေးဆရာများ ပေါင်းစုရေးသားသည့် ရသကကြိုး၊
ရင်ခွင်းမိုး(စာရေးဆရာစုံ) ၊ကောင်းကင်ပေါ်ကျတဲ့ မိုးစက်များ ၊ ဆရာမ ခင်မြဇင်
၏ အဝေးကကြယ် နှင့် မဂ္ဂဇင်းဝတ္ထုရှည်များ ၊ ဆရာသက်ဦးမောင် ၏  ရောသမမွှေဒိုင်ယာလော့ နှင့် ဝတ္ထုတိုစုစည်းမှု စာအုပ်များကို
မိတ်ဆက်ခဲ့သည်။
 

 

                        အွန်လိုင်းတွင်
လူငယ်များ စာများ၊ ကဗျာ ရေးသားမှုမှတဆင့်  ယခုကဲ့သို့
စာအုပ်ထုတ်ဝေနိုင်သည်ကို ဂုဏ်ယူကြောင်း  ပွဲတက်ရောက်သူတဦးမှ
ပြောကြားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts