ဦးဝင်းတင် အားအကျဆုံး နိုင်ငံရေးသမားက ဘယ်သူလဲ
ဟန်သစ်နိုင် ။ အောက်တိုဘာ ၂၅၊ ၂၀၁၃
နိုင်ငံရေးလှုပ်ရှားမှုထဲတွင် အားအကျဆုံးပုဂ္ဂိုလ်မှာ ဗန်းမော်တင်အောင်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၀ါရင့်ခေါင်းဆောင် ဦးဝင်းတင်က ပြည်သူ့သတင်းစာဆရာ၊ ပြည်သူ့စာရေးဆရာ ဗန်းမော်တင်အောင်၏ (၃၅)နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၃ ရက်နေ့က ကျင်းပစဉ် ပြောကြားလိုက်သည်။
“ခေတ်ရဲ့တာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်ခဲ့သလဲဆိုတဲ့ ဗန်းမော်တင်အောင်ရဲ့ နောက်ဆုံးစကား၊ ကျွန်တို့အရေးကြီးဆုံးက ခေတ်ရဲ့တာဝန်တွေကို ကျွန်တော်တို့အားလုံး ထမ်းရမယ်” ဟု ဦးဝင်းတင်က ပြောသည်။
ထိုနောက်ဆုံးစကားသည် အလွန်အရေးကြီးသောစကား၊ အလွန်အရေးကြီးတဲ့ Massage ဖြစ်ကြောင်း၊ ကိုတင်အောင်ပေးခဲ့သော နိုင်ငံရေးလမ်းညွှန်၊ နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံရေးအသိတွေ ဖော်ပြနေတဲ့ စကားလုံးဖြစ်တယ်လို့ ယူဆကြောင်း ဦးဝင်းတင်က ရှင်းပြသည်။
ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပါဝင်လှုပ်ရှားခဲ့သလို နယ်ချဲ့ဆန့်ကျင်ရေးကိုလည်း ရွံ့ရွံ့ချွန်ချွန် လူထုဘက်မှရပ်တည်လှုပ်ရှားခဲ့သြူ
ဗန်းမော်တင်အောင်ကို ၁၉၂၀ ခုနှစ်၊ ဇွန် (၉) ရက် ပဲခူးမြို့တွင်မွေးဖွားပြီး ဖခင်မှာ ကျောင်းဆရာ ဦးနေ၊ မိခင်မှာ ဒေါ်စောမြိုင်ဖြစ်သည်။ ၁၉၃၈ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ ၌ အလုပ်သင် သတင်းထောက်အဖြစ် စတင်လုပ်ကိုင်သည်။ တာရာမဂ္ဂဇင်း၊ လင်းယုန်မဂ္ဂဇင်းတို့တွင်လည်း အယ်ဒီတာအဖြစ် ထမ်းဆောင်ခဲ့သည်။
ဗန်းမော်တင်အော
သူ၏ အထင်ရှားဆုံးဝထ္ထုမှာ “ဘုန်းမောင်တစ်ယောက်ထဲရယ်” စာအုပ်ဖြစ်ပြီး လုံးချင်းဝထ္ထုပေါင်း (၄၅)အုပ်မျှရှိသည်။ ဝထ္ထုတိုပေါင်းများစွာ၊ ဆောင်းပါးပေါင်းများစွာ၊ ဝထ္ထုတိုပေါင်းချုပ်၊ မဂ္ဂဇင်းအခန်းဆက်ဝထ္ထုရှည်များ၊ သမိုင်းစာအုပ်များ၊ နိုင်ငံရေးသဘောတရားကျမ်းများအပါ
ဗန်းမော်တင်အောင်သည် ၁၉၇၈ ခုနှစ် အောက်တိုဘာ(၂၃) ရက်တွင် အဆုတ်ကင်ဆာရောဂါဖြင့် ရန်ကုန်ဆေးရုံးကြီး၌ ကွယ်လွန်ခဲ့သည်။