အပင်ချစ်သူများ အတွက် MAHAR GREEN က ကူညီမည်

အပင်ချစ်သူများ အတွက် MAHAR  GREEN  က ကူညီမည်

ရန်နောင်(ဗိုလ်တထောင်)  မိုးမခ    ၁၃ မေ ၂၀၁၅

“ တသက်ပျော်ချင် သစ်ပင်စိုက် ” ဆိုသောစာသားနှင့် အညီ သစ်ပင်ချစ်သူများ၊ သစ်ပစ်စိုက်ချင်သူများ အတွက် Mahar Green မှ ကူညီကာ အပင်ပေါက်မှ ကြီးထွားသည်အထိ တာဝန်ယူကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးခင်မောင်ချို မှ ပြောပြသည်။

“ ကျနော်တို့ Green Fingers ဆိုပြီး အုပ်စုလေးတွေ ဖွဲ့ထားပါတယ်။ လုပ်သားတွေ ရှာဖွေပေးတယ်။ အဓိက အပင်စိုက်မယ်ဆိုရင်တော့ ကျနော်တို့က ရာဘာ၊သရက်၊သစ်မွှေး သုံးမျိုးကို အဓိကထားပါတယ်။
ကျနော်တို့ ဆိုင်မှာ မျိုးကောင်းမျိုးသန့် တွေလည်းရှိပါတယ်။ မျိုးချောင်း(မျိုးကိုင်း) တွေလည်း ရရှိနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ရာဘာစိုက်ခင်းတွေကိုလည်း အာမခံ နဲ့ စိုက်ပျိုးပေးပါတယ်။” ဟု ဆိုသည်။

မြေယာရှုခင်းပြုလုပ်ပေးခြင်း၊ မြက်ခင်းခြင်း၊ မြေယာအလှပျိုးပင်များ ထုတ်လုပ်ရောင်းချခြင်း ၊ပန်းဥယျာဉ် တည်ဆောက်ပေးခြင်း၊ အရိပ်ရအလှပျိုးပင်များ ထုတ်လုပ်ရောင်းချခြင်း၊ မြေယာရှုခင်းနှင့် ပန်းဥယျာဉ် သုံးပစ္စည်းများ ရောင်းချခြင်း၊ရွက်ဖျန်းမြေဩဇာများ ၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေး နှင့် စိုက်ပျိုးရေးသုံးဆေးများ ရောင်းချခြင်း၊ စိုက်ပျိုးရေး နှင့်ဆိုင်သော ဓါတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများ၊သဘာဝမြေဩဇာသုံးပျိုးပင်များ ထုတ်လုပ်ခြင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်ခြင်း တို့ကိုလည်း လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

Mahar Green ကို မိုင်တိုင်(၆/၇)နှင့် (၇/၀) ကြား၊ လိပ္ပုတ်(တောရွာကြီး) ကျေးရွာထိပ်၊ အမှတ်(၄) လမ်းမကြီး ၊ မှော်ဘီ မြို့နယ် မှာ ဖွင့်လှစ်ထားသည်။
မြေယာရှုခင်းများ၊ ဥယျာဉ်ခြံမြေများအတွက် အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံဝင်း၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့် ၊ မရမ်းကုန်းမြို့နယ် မှာ ဆိုင်ဖွင့်ထားသည်ဟု ဆိုသည်။

ကိုခင်မောင်ချိုက ဆက်လက်ပြောကြားရာတွင် …

” ရာဘာပင် တဧက ငွေကျပ် ၇ သိန်းနီးပါးခန့် ကုန်နိုင်ပြီး အာမခံနဲ့ စိုက်ပေးပါတယ်။ စိုက်တဲ့ အပင် မပေါက်ရင် ပြန်လည်စိုက်ပေးပါတယ်။”

အနယ်နယ်အရပ်ရပ်က ဆက်သွယ်ဖို့ အခြားလိပ်စာတွေများမှာ

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ဘေး၊ မိုင်တိုင်အမှတ်(၂၅) မှ (၂၇) ကြား  ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ၊ ရာဘာအကျိုးတူစိုက်ပျိုးရေးစိမံကိန်း ၊ အမှတ်(၁) ကုန်ထုတ်လမ်းမကြီး နှင့် အမှတ်(၅) ကုန်ထုတ်လမ်းမကြီးထောင့် ၊ ယူနစ်ကွက်အမှတ်(၂၁) ၊ ဖုန်း- ၀၉ ၃၁၄၇၈၉၁၇၊ ၀၉ ၉၉ ၇၂၃၄၅၅၂၀ တို့ကိုဖြစ်သည်ဟု သိရသည်။